ဧရာ၀တီတိုင်းမ်
ဇူလိုင်လ ၄ ရက်

NUG ကာကွယ်ရေး၀န်ကြီးဌာန၏ တောင်ညိုစစ် ကြောင်းမှ အမျိုးသမီးရဲဘော်များသည် ရှေ့တန်းစစ်မျက်နှာတွေအထိ လိုက်ပါတာ၀န်ထမ်းဆောင်နေပြီဖြစ် ကြောင်း စစ်ဒေသခွဲ အမှတ်(၃) သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ဇူလိုင် ၄ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

အဆိုပါ အမျိုးသမီးရဲဘော်များသည် စစ်သင်တန်းတက်ရောက်ပြီးသူများ ဖြစ်ကာ အမျိုးသားများ နည်းတူ တိုက်ပွဲ အတွေ့အကြုံရှိပြီး သူများဖြစ်ကြောင်း သိရသည်။

“ရှေ့တန်းဘယ်သူလိုက်မလဲဆိုတာနဲ့ ကျွန်တော်တို့လိုက်မယ်ဆိုတဲ့ စကားသံများထဲမှ ကျွန်မတို့လိုက်မယ်ဆိုတဲ့ အမျိုးသမီးများရဲ့ စကားသံများဟာလည်း တော်လှန်ရေး အတွက် ထိုအမျိုးသမီးများအပေါ် ဂုဏ်ယူဖွယ်ရာပါ”ဟု စစ်ဒေသခွဲအမှတ် ၃ သတင်းနှင့်ပြန်ကြားရေးဌာနက ဖော်ပြထားသည်။

မွန်ပြည်နယ်၊ အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များက စစ်ဆေးမှုများပြုလုပ်မည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် အမိန့်ကြေညာချက်များကို တိကျစွာလိုက်နာပေး ကြဖို့လည်း အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ် ရေး၀န်ကြီးဌာန၏ စစ်ဒေသခွဲ အမှတ် (၃) မှ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-တောင်ညိုစစ်ကြောင်း
#NUGကာကွယ်ရေးဝန်ကြီးဌာန #စစ်ဒေသခွဲအမှတ်၃ #တောင်ညိုစစ်ကြောင်း #အမျိုးသမီးရဲဘော်များ #Photo_News #Ayeyarwaddy_Times