ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၄ ရက်

စင်ကာပူအခြေစိုက် ကုမ္ပဏီ ၉၁ ခုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြ သူ မကြာသေးမီက ဖော်ထုတ်ခဲ့တဲ့ မြန်မာစစ်တပ်ထံ စစ်လက်နက်တင်ပို့တဲ့ ကနဉီးစာရင်းမှာပါဝင်တဲ့ ကုမ္ပဏီ ၄၇ ခုစာရင်းမှာ ထပ်ထည့်လိုက်ပါတယ်။

စင်ကာပူအစိုးရက မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုဆိုင်ရာ ဒဏ်ခတ်အရေးယူမှု ပြုလုပ်ခဲ့တာမရှိဘူးလို့ လွှတ်တော်အမတ်နှစ်ဉီးရဲ့ မေးမြန်းချက်ကို နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ခရစ်ရှနန်က ဖြေကြားခဲ့ပါတယ်။

စင်ကာပူအစိုးရက မြန်မာနိုင်ငံနဲ့ တရားဝင် ကုန်သွယ်မှုကို ပိတ်ပင်ဖို့ ရည်ရွယ်ချက်မရှိကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း နှစ်နိုင်ငံကြားကုန်သွယ်မှုက ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံအထိ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

“စင်ကာပူက မြန်မာနိုင်ငံကို အရေးယူမယ်ဆိုရင် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပြီး မြန်မာ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို ပိုဆိုးလာစေပါလိမ့်မယ်” လို့ ခရစ်ရှနန်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း စင်ကာပူအခြေစိုက်ကုမ္ပဏီတွေက ဒေါ်လာ ၂၅၄ သန်းတန်ကြေးရှိ စစ်လက်နက် တွေ စစ်ကောင်စီထံ တင်ပို့ခဲ့တယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ တွမ်အန်ဒရူးရဲ့ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။

စစ်လက်နက်ကုန်သည်တွေ ငွေကြေးလွှဲပြောင်းတာတွေပြုလုပ်ဖို့ စင်ကာပူဘဏ်တွေကို အသုံးပြုခဲ့တယ် လို့ တွမ်အန်ဒရူးရဲ့ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက မေလအတွင်း စွပ်စွဲချက်တွေကို တုံ့ပြန်ခဲ့ပြီး စင်ကာပူနိုင်ငံက မြန် မာနိုင်ငံသို့ စစ်လက်နက်တွေစီးဆင်းမှု ပိတ်ပင်တားဆီးဖို့ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

စင်ကာပူသည် လက်နက်မဲ့ပြည်သူတွေအပေါ် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လက်နက်အင်အားအသုံးပြုကို ဆန့်ကျင်တဲ့ ရပ်တည်ချက်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောကြားခဲ့ပါတယ်။

စင်ကာပူအခြေစိုက်ကုမ္ပဏီတွေမှတစ်ဆင့် မြန်မာစစ်တပ်ထံ လက်နက်နဲ့ဆက်စပ်ပစ္စည်းတွေ ပို့ဆောင်ခဲ့ တယ်ဆိုတဲ့ အသေးစိတ်အချက်တွေကို အစိုးရက စစ်ဆေးနေပြီး ကုလသမဂ္ဂ အစီရင်ခံစာမှာ မြန်မာစစ်တပ်ထံ ဘယ်လိုလက်နက်မျိုး လွှဲပြောင်းပေးခဲ့တယ်ဆိုတာ မဖော်ပြထားဘူးလို့ ခရစ်ရှနန်က ဖြေကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အစီရင်ခံစာမှာပါတဲ့ ကုမ္ပဏီ ၉ ခုက စင်ကာပူမှာ မှတ်ပုံတင်ခြင်းမရှိတော့ဘူးလို့ သူက ဆို ပါတယ်။ “ဂျက်တိုက်လေယာဉ်တွေအတွက် အပိုပစ္စည်းတွေ၊ မြန်မာရေတပ်အတွက် ပစ္စည်းကိရိယာတွေအပြင် ရေဒီယိုတွေ၊ သုတေသနနဲ့ လျှပ်စစ်ပစ္စည်းတွေ တင်ပို့ခဲ့တယ်ဆိုတဲ့ ကုမ္ပဏီ ၉ ခုက စင်ကာပူမှာ မှတ်ပုံတင်ခြင်း မရှိတော့ပါဘူး” လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂ အစီရင်ခံစာမှာပါတဲ့ ကုမ္ပဏီ ၄၇ ခုအနက် အများစုက စင်ကာပူဘဏ်တွေနဲ့ စီးပွားရေးပတ် သက်မှု မရှိတော့ဘူးလို့ ခရစ်ရှနန်က ပြောပါတယ်။

ကိုးကား – CNA
Ref; 91 more Singapore-based companies allegedly sending supplies to Myanmar military

#Ayeyarwaddy_Times