ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၄ ရက်

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက နိုင်ငံတကာစင်မြင့်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို စိုး ရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောပေမယ့် အိန္ဒိယကုမ္ပဏီတွေက မြန်မာစစ်ကောင်စီထံ စစ်လက်နက်တွေ ရောင်း ချကာ ‘မီးစတစ်ဖက် ရေမှုတ်တစ်ဖက်’ မဟာဗျူဟာ ကျင့်သုံးနေတယ်လို့ လေ့လာသူတွေက ပြောကြားလိုက်ပါ တယ်။

အိန္ဒိယစစ်လက်နက်ကုမ္ပဏီ BEL က ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ် ဧပြီလအထိ ခြောက်လအ တွင်း မြန်မာစစ်လက်နက်ပွဲစား Alliance Engineering Consultancy နဲ့ Mega Hill General Trading တို့ထံ ဒေါ် လာ ၅ ဒသမ ၁ သန်းကျော်တန်ကြေးရှိ စစ်လက်နက်တွေ လွှဲပြောင်းပေးခဲ့တယ်လို့ Justice for Myanmar (JFM) က ဇွန်လအတွင်း ဖော်ထုတ်ခဲ့ပါတယ်။
အိန္ဒိယက မြန်မာစစ်တပ်ထံ လွှဲပြောင်းပေးတဲ့ စစ်လက်နက်ကိရိယာတွေထဲမှာ ဖရီးဂိတ်၊ စစ်သင်္ဘောနဲ့ ရေငုပ်သင်္ဘောတွေမှာ အသုံးပြုတဲ့ ကိရိယာတွေ၊ နည်းပညာမှတ်တမ်းတွေ၊ ရေဒီယိုအသံလွှင့်ပစ္စည်းတွေ၊ ရေဒါကိ ရိယာတွေနဲ့ ဆက်သွယ်ရေးပစ္စည်းတွေ ပါဝင်ပါတယ်။

စစ်လက်နက်တွေတင်ပို့တာဟာ မြန်မာစစ်တပ်နဲ့ ပြည်တွင်း လက်နက်ထုတ်လုပ်ရေးလုပ်ငန်းအတွက် အိန္ဒိယနိုင်ငံရဲ့ ပံ့ပိုးမှုဖြစ်တာကြောင့် အာဏာသိမ်းစစ်ကောင်စီထံ စစ်လက်နက်နဲ့ နည်းပညာတွေထောက်ပံ့တာ ရပ်တန့်ရေးဖိအားပေးဖို့ အိန္ဒိယနိုင်ငံရဲ့ မဟာမိတ်တွေကို တောင်းဆိုတယ်လို့ JFM က ဆိုပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ ဇွန်လ ၂၂ ရက်က အိမ်ဖြူတော်မှာ တွေ့ဆုံ ကာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ ဆိုးရွားလာတာကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကာ နိုင်ငံရေးအ ကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုပြီးနောက် အိန္ဒိယနိုင်ငံရဲ့ စစ်ကောင်စီထံ စစ်လက်နက်တွေရောင်းချမှု ဖြစ် လာခဲ့တာပါ။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း ဒေါ်လာတစ်လီဘီယံ တန်ကြေးရှိ စစ်လက်နက်တွေနဲ့ကုန်ကြမ်းတွေ ပြည်ပကနေ ဝယ်ယူခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက မေလအတွင်း အစီရင်ခံစာတစ်ခုမှာ ဖော်ထုတ်ခဲ့ပါတယ်။

စစ်ကောင်စီဟာ သူ့ရဲ့အုပ်ချုပ်မှုကိုဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်ရေးသမားတွေနဲ့ အရပ်သား တွေအပါအဝင် မြန်မာပြည်သူတွေအပေါ် တိုက်ခိုက်ရာမှာ အဆိုပါလက်နက်တွေ အသုံးပြုနေတယ်လို့ လူ့အခွင့်အ ရေးအဖွဲ့တွေက ပြောပါတယ်။

ရုရှား၊ တရုတ်နဲ့ စင်ကာပူတို့က စစ်ကောင်စီထံ စစ်လက်နက်တင်ပို့တဲ့ အဓိက အရင်းအမြစ်တွေဖြစ်ပြီး နိုင်ငံပိုင်လုပ်ငန်းတွေ အပါအဝင် အိန္ဒိယကုမ္ပဏီတွေက အလားတူကာလအတွင်း မြန်မာစစ်ကောင်စီထံ ဒေါ်လာ ၅၁ သန်းတန်ကြေးရှိ စစ်လက်နက်နဲ့ကုန်ကြမ်းတွေ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ကိုးကား – RFA
Ref; India sells arms to junta while claiming concern over crisis in Myanmar

#Ayeyarwaddy_Times