ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇွန်လ ၂၀ ရက်
တနင်္သာရီ တိုင်း၊ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ကံပေါက်ဒေသ၊သီရိမင်္ဂလာ ရပ်ကွက်နေ ဇနီးမောင်နှံ နှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှသိရသည်။
ဇွန်လ ၁၉ ရက် ည ၁၁ နာရီခန့် အချိန်က ကံပေါက် ရှိ မောရဝတီရေတပ် စခန်းမှ စစ်ကား သုံးစီးဖြင့် လာရောက် ဖမ်းဆီး ခေါ်ဆောင်သွား ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူ ဇနီးမောင်နှံ နှစ်ဦးသည် သီရိမင်္ဂလာရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၀ ဝန်းကျင်ရှိ ကိုအောင်ဇော်ဦး နှင့် မဥမ္မာအောင် တို့ဖြစ်ကြောင်း ဒေသခံများထံက သိရသည်
“ည က ၁၁ နာရီ လောက်မှာ ကား သုံး စီးနဲ့ ရောက်လာပြီးသူ့အိမ် မှာပဲ့ လာဖမ်းသွားတယ်။
အိမ်ကို အရင်ဝိုင်းလိုက်တယ်။ တစ်နာရီ ကျော်ကျော် လောက် အိမ်မှာ စစ်ဆေးနေသေးတယ်။ပြီးတာနဲ့ ကားပေါ် ကို တင်သွားတယ်” ဟု ကံပေါက် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဖမ်းဆီးခံရသူ ကိုအောင်ဇော်ဦးသည် ကားမောင်းသည့် အလုပ်ကိုလုပ်ကိုင်နေပြီး မဥမ္မာအောင်သည် ရင်ခွင်သစ် (ECCD) မူကြိုကျောင်းဖွင့်ကာ ကလေးငယ်များကို ပညာသင်ကြားပေးနေသူဖြစ်သည်။ ၄င်းတို့ကို မည်သည့်အတွက် ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။
အဆိုပါဇနီးမောင်နှံ နှစ်ဦးကို ဝင်ရောက်ဖမ်းဆီးစဥ် နေအိမ်အတွင်းရှိ စာရွက်စာတမ်းများကို စစ်ဆေးပြီး ဖုန်း လေးလုံးကိုလည်း စစ်တပ်က သိမ်းဆည်းသွားကြောင်း သိရသည်။
ဓာတ်ပုံ၊ ဖမ်းဆီးခံရသော ကိုအောင်ဇော်ဦး နှင့် မဥမ္မာအောင်
#ကံပေါက် #ဒေသခံ #ဇနီးမောင်နှံ၂ဦး #ဖမ်းဆီးခံရ
#Ayeyarwaddy_Times