ဧရာဝတီတိုင်းမ်
ဇွန်လ ၂၀ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့တွင် ဇွန်လ ၁၈ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်သားတစ်ဦး သေနတ်ကျည်ထွက်ပြီးထိမှန်သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
မြောက်စမ်းကျေးရွာမှာရှိတဲ့ အမှတ် ၃၄၄ အမြောက်တပ်က လက်နက်တိုက် တာဝန်ကျတဲ့ တပ်သားဟာ သေနတ်တိုက်ရင် ကျည်ထွက်ပြီး မှန်ခဲ့တာကြောင့် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် နေရာတွင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရသည်။
” ဘာသေနတ်လဲတော့ သေချာမသိဘူး၊ သေနတ် တိုက်ရင်းနဲ့ ပြောင်းထောင်တိုက်တဲ့အချိန်မှာ ကျည်ထွက်မှန်တယ်ပြောတယ်၊ ခုတော့ ဆေးရုံမှာရောက်နေပြီ”ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
သေနတ်ကျည်ထွက်မှန်သေဆုံးခဲ့သူဟာ အသက် ၅၆ နှစ်အရွယ် စစ်ကောင်စီတပ်သား ဦးသန့်စင်ဖြစ်ကြောင်းသိရပြီး ရာထူးကိုတော့ သေချာမသိရသေးဘူးဟု ၎င်းမှဆက်လက်ပြောဆိုသည်။
စစ်ကောင်စီတပ်သား ဦးသန့်စင် ရုပ်အလောင်းကို သတင်းမထုတ်ဘဲ ဆေးရုံကနေတဆင့် သဂြိုလ်ဖို့လည်းစီစဉ်နေကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
ခုလိုမျိုး စစ်ကောင်စီတပ်သားသေဆုံးမှုဟာ ပြည်သူကျွေးတဲ့ ထမင်းဟင်းကိုစားပြီး ပြည်သူကို သတ်ဖြတ်မှုတွေပြုလုပ်နေတာကြောင့် ပြည်သူ့ ကျိမ်စာဆူးတာဖြစ်နိုင်ကြောင်း ဒေသခံအများစုမှ ပြောဆိုသည်။
ဓာတ်ပုံ- အမြောက်တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပုံဟောင်းဖြစ်သည်။
#ရေကြည် #စစ်ကောင်စီတပ်သားတစ်ဦး #သေနတ်တိုက်ရင်း #ကျည်ထိမှန်သေဆုံး #Ayeyarwaddy_Times