ဧရာဝတီတိုင်းမ်
ဇွန်လ ၂၀ ရက်
ဇွန်လ ၂၀ ရက်တွင် စတင်အာဏာတည်မယ့် နိုင်ငံပိုင်ဘဏ်နှစ်ခုအား ဒဏ်ခတ်အရေးယူမှုနဲ့အတူ အမေ ရိကန်အစိုးရက မြန်မာစစ်ကောင်စီအပေါ် တိုးမြှင့်ဖိအားပေးနေတယ်လို့ သံတမန် သတင်းရင်းမြစ်တစ်ခုက ပြော ပါတယ်။
အမေရိကန်နိုင်ငံက ဒဏ်ခတ်အရေးယူတဲ့ နိုင်ငံပိုင်ဘဏ်နှစ်ခုမှာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန် မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ ဖြစ်ပါတယ်။
ဒဏ်ခတ်အရေးယူမှုတွေဟာ စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် ဖိနှိပ်မှုနဲ့ တိုင်းပြည်တွင်း စစ်ပွဲဆင်နွှဲမှုကို လျှော့ချပေးမယ့် ဝင်ငွေရပေါက်တွေကို ကန့်သတ်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ အိမ်နီးချင်းတိုင်းပြည်တွေ၊ ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်မှုဆက်ဆံရေးရှိတဲ့ အရင်းအမြစ် ကြွယ်ဝတဲ့တိုင်းပြည်တစ်ခု ဖြစ်ပါတယ်။
ရေနံနဲ့ သဘာဝအရင်းအမြစ်ပို့ကုန်တွေကနေရရှိတဲ့ စစ်ကောင်စီရဲ့ ပြည်ပဝင်ငွေတွေကို ဖြတ်တောက်ဖို့ အနောက်နိုင်ငံတွေက ကြိုးပမ်းနေပါတယ်။
အမေရိကန်အစိုးရဟာ အခြားအနောက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ကာ စစ်ကောင်စီနဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေအပေါ် ဒဏ်ခတ်အရေးယူမှု အမြောက်အများ ပြုလုပ်ခဲ့ပါတယ်။
ဒါဇင်နဲ့ချီတဲ့ မြန်မာစစ်တပ် တာဝန်ရှိသူတွေနဲ့ အပေါင်းအပါတွေကို ဒဏ်ခတ်အရေးယူမှုပြုလုပ်ခဲ့ကာ အမေရိကန်နိုင်ငံရဲ့ နောက်ဆုံးအကြိမ် ဒဏ်ခတ်အရေးယူခံရသူတွေထဲမှာ ခရိုနီ ထွန်းမင်းလတ်နဲ့ ဇနီးသည် ဝင်း မင်းစိုး၊ လေယာဉ်တင်သွင်းတဲ့ ကုမ္ပဏီသုံးခု ပါဝင်ပါတယ်။
အမေရိကန်နိုင်ငံ ဥပဒေအရ ဒဏ်ခတ်အရေးယူမှုရလဒ်အဖြစ် အဆိုပါဘဏ်နှစ်ခုရဲ့ အမေရိကန်နိုင်ငံနဲ့ စီး ပွားရေးဆိုင်ရာ ငွေကြေးအလွှဲအပြောင်းအားလုံးကို ပိတ်ပင်မှာဖြစ်ပါတယ်။
ကိုးကား – Thai PBS World
Ref; US to sanction two of Myanmar’s state-owned banks