ဧရာဝတီတိုင်းမ်
ဇွန်လ ၂ဝ ရက်

ဧရာ၀တီတိုင်း၊ မြောင်းမြမြို့နယ်မှာ ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းက ခရီးသည်တင်ကားတစ်စီးတိမ်းမှောက်ပြီးခရီးသည် ၃ ဦးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။

ကညင်ကိုင်းကျေးရွာအနီး ကားလမ်းပေါ်မှာ မြောင်းမြမြို့ဘက်ကနေ မောင်းနှင်လာတဲ့ခရီးသည်တင်ယာဥ်ဟာ ဘီးချော်ပြီးတိမ်းမှောက်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

“မိုးရွာတော့လမ်းတွေချောနေတာ၊ လမ်းကလဲ ကျဥ်းတယ်။ ဘီးချော်ပြီးစလစ်ဖြစ်သွားတာ”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

ယာဥ်တိမ်းမှောက်မှုမှာ ခရီးသည်အမျိုးသားတစ်ဦးနဲအမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး မြောင်းမြမြို့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့
ဒေသခံပရဟိတအဖွဲ့တွေဆီကနေသိရပါတယ်။

ခရီးသည်တင်ယာဥ်တိမ်းမှောက်ခဲ့တာ ကားလမ်းဟာ မိုးတွင်းကာလမှာ မိုးရွာများတဲ့အချိန် စလစ်မကြာခဏဖြစ်တာကြောင့် ကားနဲ့ ဆိုင်ကယ်တွေ တိမ်းမှောက်လေ့ရှိတဲ့ လမ်းပိုင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

#မြောင်းမြမြို့ #ခရီးသည်တင်ကား #မှောက်ပြီး #ခရီးသည်၃ ဦးဒဏ်ရာရ #Ayeyarwaddy_Times