ဧရာဝတီတိုင်းမ်
ဇွန်လ ၂၀ ရက်
ဝေဖန်မှုတွေ၊ ရှုတ်ချမှုတွေ ရှိနေလင့်ကစာ တရာမဝင် မြန်မာစစ်ကောင်စီနဲ့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးဖို့ ထိုင်း ဒုတိယဝန်ကြီးချုပ် ဒွန်ပရာမြူဒွင်နိုင်းရဲ့ ဆုံးဖြတ်ချက်က မြန်မာပြည်သူတွေနဲ့ အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုကို သစ္စာဖောက်မှုတစ်ခုလို့ အာဆီယံလွှတ်တော်အမတ်တွေက ယနေ့ ပြောကြားလိုက်ပါတယ်။
အာဆီယံဥက္ကဌ အင်ဒိုနီးရှား၊ စင်ကာပူမဲ့ မလေးရှားနိုင်ငံတွေရဲ့ ပယ်ချမှုတွေရှိမေယ့် ဒီအလွတ်သဘော ဆွေးနွေးမှုပြုလုပ်ဖို့ ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်က အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှု၊ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ ထိုင်းပြည်သူတွေရဲ့ဆန္ဒကို အရေးမလုပ်တာလို့ အာဆီယံ လွှတ်တော်အမတ်များ လူ့အခွင့်အ ရေးအဖွဲ့ (APHR) ပူးတွဲဉက္ကဌ ချားလ်ဆန်တီယာဂိုက ပြောကြားလိုက်ပါတယ်။
“လက်ရှိထိုင်းအစိုးရဟာ မကြာသေးမီပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး အခုလိုမျိုး ဆွေး နွေးမှုကို လက်ခံကျင်းပဖို့ ထိုင်းပြည်သူတွေထံမှ လုပ်ပိုင်ခွင့်အာဏာ မရှိတော့ပါဘူး” လို့ သူက ဆိုပါတယ်။
လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ တရုတ်၊ ဘရူနိုင်းနဲ့ ဗီယက်နမ်နိုင်ငံမှ ကိုယ်စားလှယ်တွေ ဆွေး နွေးပွဲကို တက်ရောက်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
“ထောင်နဲ့ချီတဲ့ပြည်သူတွေ သေဆုံးစေခဲ့တဲ့ အကြမ်းဖက်မှုတွေ မြန်မာစစ်တပ်က ဆက်လက် ကျူးလွန်ခဲ့ ပေမယ့် ထိုင်းနဲ့ အခြားတိုင်းပြည်တွေက လူသတ်ကောင် မြန်မာစစ်ကောင်စီကို တာဝန်ခံမှုရှိဖို့ မကြိုးပမ်းဘဲ ထိ တွေ့ဆက်ဆံဖို့ ဆန္ဒရှိနေတာဟာ ကျွန်တော်တို့ကို တုန်လှုပ်ချောက်ချားစေပါတယ်။ Track 1.5 ဆွေးနွေးပွဲတွေ ဟာ မြန်မာ့အရေးအပါအဝင် အကျပ်အတည်းတွေကိုဖြေရှင်းမယ့် အာဆီယံအဖွဲ့ရဲ့ အများယုံကြည်လက်ခံနိုင်စွမ်း ကို ထိခိုက်စေပါတယ်” လို့ သူက ဆိုပါတယ်။
“လက်ရှိ အာဆီယံအဖွဲ့ ဥက္ကဌအပေါ် ထိုင်းနိုင်ငံရဲ့ အရေးမစိုက်မှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရပါမယ်။ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်ပြင်ဆင်တာ အပါအဝင် စစ်ကောင်စီ တာဝန်ခံစေရေး အာဆီယံအဖွဲ့က လက်တွဲဆောင်ရွက်ရမှာဖြစ်ပါတယ်” လို့ သူက ဆိုပါ တယ်။
ကိုးကား – https://aseanmp.org
Ref; Thailand’s ‘re-engagement’ of illegal Myanmar junta is a betrayal of the Myanmar people, Southeast Asian MPs say