ဧရာဝတီတိုင်းမ်
ဇွန်လ ၁၉ ရက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ နှစ်ပြည့်မွေးနေ့တွင် တစ်နိုင်ငံလုံးရှိ အမျိုး သမီး အမျိုးသားများက ပန်းပန်ပြီး သပိတ်ပြုလုပ်ခဲ့ကြသည်။

ပန်းသပိတ်ပြုလုပ်သူများကို စစ်ကောင်စီတပ်မှ နေ့လည်ပိုင်းကစတင်ကာ လိုက်လံရှာဖွေဖမ်းဆီးမှုများပြုလုပ်ခဲ့သဖြင့် တာမွေ၊ မင်္ဂလာဒုံ၊ ပန်းပဲတန်းနဲ့ ကလေးမြို့က ပန်းပန်သူများ စုစုပေါင်း ၃၀ ကျော်လောက်ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။

”ရှက်ဖို့တော်တော်ကောင်းတယ်ဗျာ၊ သေနတ်တွေကိုင်ထားပြီး ပန်းပန်တဲ့သူလိုက်ဖမ်းနေရတယ်ဆိုတော့ သူရဲဘော အကြောင်ဆုံစစ်တပ်ပဲလို့ပြောရမယ်”ဟု နိုင်ငံရေးတက်ကြွ လှုပိရှားသူတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

စစ်ကောင်စီတပ်မှ ခုလိုမျိုး ပန်းပန်သူများကို ရှာဖွေ ဖမ်ဆီးနေခြင်းဟာ စစ်ကောင်စီတပ်ရဲ့ သွေးပျက်နေမှု၊ သတ္တိမရှိခြင်းနှင့် သေနတ်ကိုင်ထားပြီး လက်နက်မဲ့သူတွေကို အထင်းသားကြောက်နေသည့်အချက်ကို ပေါ်လွင်စေသည်ဟုဆိုသည်။

ပြည်သူအများစုမှာ ခုလိုမျိုး ပန်းပန်သူတွေကို စစ်ကောင်စီတပ်မှ ရှာဖွေဖမ်းဆီးနေသည့်အပေါ် သေနတ်ကိုင်ပြီး သတ္တိမရှိဆုံး မြန်မာစစ်တပ်ဟု ဝေဖန်ပြောဆိုမှုများလည်း ပြုလုပ်နေကြသည်။

#ပန်းသပိတ် #စစ်ကောင်စီတပ် #ပန်းပန်သူများ #လိုက်လံဖမ်းဆီး #အရှက်မရှိသည့် #စစ်တပ်ဟုဝေဖန် #Ayeyarwaddy_Times