ဧရာဝတီတိုင်းမ်
ဇွန်လ ၁၉ ရက်
ထိုင်းနိုင်ငံ ဗန်ကောက်မြို့တော်မှာ ယနေ့ပြုလုပ်မယ့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲကို မ လေးရှား နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဇမ်ဘာရီကဒါ မတက်ရောက်ဖူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံအဖွဲ့အနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာဖို့ ထပ် လောင်းအတည်ပြုခဲ့တဲ့ ၄၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲရဲ့ ဆုံးဖြတ်ချက်ကို မလေးရှားနိုင်ငံက အသိ ပေးတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အာဆီယံဥက္ကဌ အထူးသဖြင့် အထူးကိုယ်စားလှယ်ရုံးရဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို မလေး ရှားနိုင်ငံက ထောက်ခံတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
“အာဆီယံဥက္ကဌနဲ့ အာဆီယံခေါင်းဆောင်တွေ ချမှတ်ခဲ့တဲ့ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ချက်နဲ့အညီ အာဆီယံ လုပ်ငန်းစဉ်ကို ထောက်ခံရာမှာ အာဆီယံအဖွဲ့က စည်းလုံးညီညွတ်မှုကို ပြသဖို့ အရေးကြီးတယ်” လို့ ထုတ်ပြန် ချက်က ပြောပါတယ်။
မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲဟာ ခေါင်းဆောင်အဆင့်မှာ မြန်မာနိုင်ငံနဲ့ အပြည့်အဝ ပြန် လည်ထိတွေ့ဆက်ဆံဖို့ အချိန်ကျပြီလို့ဖော်ပြခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံမှာပြုလုပ်တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ထုတ်ပြန်ချက်ရဲ့ တစ်စိတ်တစ်ဒေသဖြစ်တယ်လို့ ထိုင်းနိုင်ငံက ပြောပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း အရပ်သား ၃၆၀၀ ကျော် သတ်ဖြတ်ခံရကာ ၁၉၀၀၀ ကျော် ထိန်းသိမ်းခံရပြီး ၁ ဒသမ ၈ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဆိုပါတယ်။
ကိုးကား – Bernama
Ref; Malaysian FM Zambry will not be able to attend informal discussion on Myanmar in Thailand