ဧရာဝတီတိုင်းမ်
ဇွန်လ ၁၉ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အင်ပင်မြို့မှာ ဇွန်လ ၁၈ ရက်နေ့ နေ့လည်ပိုင်းကဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အမှတ် ၁ ရပ်ကွက်ရှိ လောကမာရဇိန် ရှားဖြူကုန်းဘုန်းတော်ကြီးကျောင်းမှာ မီးလောင်ခဲ့တာဖြစ်ပြီး နှစ်ထပ်ပင်မဆောင်ကြီးတစ်ခုလုံး ပျက်စီးသွားခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
“ကျောင်းထိုင်ဆရာတော်ကြီးက မီးလောင်တဲ့အချိန်မှာမရှိဘူး မြန်အောင်ကိုကြွသွားတယ်။ မီးကတော်တော်ကြီးတယ် မီးသတ်ကားတွေတောင် ၅ စီးလောက်လာငြှိမ်းရတယ်”လို့ ဒေသခံတစ်ဦးကဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
ကျောင်းမှာရှိတဲ့ ကပ္ပိယဖြစ်သူ ဦးလှိုင်၀င်း ဆိုသူဟာ ကြမ်းပြင်မှာ ခြင်ဆေးခွေထွန်းထားရာကနေ မီးစွဲလောင်ခဲ့တာလို့ ရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်တွေအရသိရပါတယ်။
မီးလောင်မှုဖြစ်စဥ်နဲ့ပတ်သတ်ပြီး ကျောင်းရဲ့ ကပ္ပိယဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
#မြန်အောင်မြို့ #ဘုန်းကြီးကျောင်းတစ်ကျောင်း #မီးလောင်ပျက်စီး #Ayeyarwaddy_Times