ဧရာဝတီတိုင်းမ်
ဇွန်လ ၁၈ ရက်

စစ်ကိုင်းတိုင်းရှိ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေး တော်လှန်ရေးတပ်ဖွဲ့မှ ဇွန်လ ၁၈ ရက်နေ့တွင် ၇၈ နှစ်ပြည့်မြောက်ပြီဖြစ်သည့် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည့်၏ မွေးနေ့အထိမ်း အမှတ်အဖြစ် ရဲဘော်များနှင့်အတူ မွေးနေ့ အကြို ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြိုလှုပ်ရှားမှု များအဖြစ် ယနေ့ ဇွန် ၁၈ ရက်နေ့တွင် ရန်ကုန်အပါအ၀င် စစ်ကိုင်းတိုင်း မုံရွာ၊ ဆားလင်းကြီး၊ အမြင့် စသည့် မြို့ကြီးများအချို့တွင် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါဆန္ဒပြပွဲတွင် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ စစ်ကောင်စီမှ မတရားဖမ်းဆီးထားသည့် သောင်းနှင့်ချီသည့် ရဟန်းရှင်လူ ကျောင်းသား ပြည်သူများနှင့် နိုင်ငံရေးအကျဉ်းသားများကို ဂုဏ်ပြု လေးစားသည့်အနေဖြင့် ပန်းသပိတ်လူထုလှုပ်ရှားမှု ကြီးကို ပြည်လုံးကျွတ်ဖော်ဆောင် ဆင်နွှဲကြရန် ယနေ့အကြိုသပိတ်အဖြစ် တော်လှန်ရေးအင်အားစုများနှင့် သပိတ်ကော်မတီများမှ တိုက်တွန်းနှိုးဆော်ထား သည်။

ထို့အပြင် တေးရေးဆရာ ကိုနေ၀င်း၏ ခွန်အားဖြည့် မိငယ်သီချင်းကိုလည်း တော်လှန်ရေးအတွက် ခွန်အားဖြစ်စေနိုင်ရန်ရည်ရွယ်ပြီး သီဆိုကာဆန္ဒပြကြရန်လည်း တိုက်တွန်းထားသည်။

#စစ်ကောင် #အကျဉ်းချခံထားရသည့် #ဒေါ်အောင်ဆန်းစုကြည်၏ #မွေးနေ့အကြို #မြောင်တော်လှန်ရေး #အင်အားစု ပြုလုပ်
#Ayeyarwaddy_Times