ဧရာဝတီတိုင်းမ်
ဇွန်လ ၁၉ ရက်
ထိုင်းအိမ်စောင့်အစိုးရက ကမကထပြုလုပ်မယ့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲကို အာဆီယံ အဖွဲ့ရဲ့ အရေးပါတဲ့ အဖွဲ့ဝင်နိုင်ငံတွေက မတက်ရောက်ဖူးလို့ သိရပါတယ်။
ဝန်ကြီးချုပ်က အာဏာသိမ်းပြီး အာဏာရယူခဲ့တဲ့ ထိုင်းနိုင်ငံက ယနေ့စတင်မယ့် မြန်မာ့အရေး အလွတ် သဘောဆွေးနွေးပွဲတက်ရောက်ဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေထံ လွန်ခဲ့သော ၄ ရက်ကတည်းက ဖိတ်စာ ပေးပို့ခဲ့တာပါ။
စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေကတော့ ဗန်ကောက်မြို့တော်မှာပြုလုပ်မယ့် ဆွေးနွေးပွဲ ကို တက်ရောက်မယ်လို့ သတင်းရင်းမြစ်နှစ်ခုက ပြောပါတယ်။
အလွတ်သဘော ဆွေးနွေးမှုဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အာဆီယံအဖွဲ့ရဲ့ ကြိုး ပမ်းမှုတွေကို အထောက်အကူဖြစ်စေမယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၈ ရက်နှောင်းပိုင်းမှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ဆွေးနွေးပွဲဖြစ်မြောက်ရေးစီစဉ်မှုက မြန်မာစစ်ကောင်စီကို တရားဝင်မှုဖြစ်စေနိုင်ပြီး အာဆီ ယံ ဘုံသဘောတူညီချက် ၅ ရပ်ရဲ့ ပြင်ပဖြစ်နေတာကြောင့် မသင့်တော်ဘူးလို့ ဝေဖန်သူတွေက ပြောပါတယ်။
အာဆီယံအဖွဲ့ရဲ့ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူတို့က ဆွေးနွေးပွဲကို မ တက်ရောက်ဘူးလို့ ထုတ်ဖော်ပြောခဲ့သလို ဖိလစ်ပိုင်နိုင်ငံက ဖိတ်ကြားချက်ကို မတုံ့ပြန်ပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ထိုင်းနိုင်ငံရဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ ကျင်းပမှုကို ရှုတ်ချလိုက်ပါတယ်။ “တရားမဝင် စစ်ကောင်စီကို ဆွေးနွေးပွဲသို့ဖိတ်ကြားတာဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ အထောက်အကူမဖြစ်စေပါဘူး” လို့ NUG က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြော ကြားခဲ့ပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင်အဗ္ဗဒူလာကလည်း ထိုင်းကပြုလုပ်မယ့် ဆွေးနွေးပွဲကို ဝေဖန်ခဲ့ပြီး အာဆီယံက အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်ကို ရပ်တန့်ရမယ်လို့ တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါ တယ်။
ကိုးကား – Reuters
Ref; Key ASEAN members to skip Thai-hosted Myanmar talks amid criticism