ဧရာဝတီတိုင်းမ်
ဇွန်လ ၁၈ ရက်

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကြောင့် အာဏာသိမ်းစစ်ကောင်စီနဲ့ အဆင့်မြင့် ဆွေးနွေးမှုတွေပြု လုပ်ဖို့ အာဆီယံအဖွဲ့အတွက် အချိန်ကောင်းမဟုတ်သေးဘူးလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခ ရစ်ရှနန်က ပြောကြားခဲ့ပါတယ်။

“ထိပ်သီးဆွေးနွေးပွဲအဆင့် ဒါမှမဟုတ် နိုင်ငံခြားရေးဝန်ကြီးအဆင့်မှာ စစ်ကောင်စီနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံဖို့ အချိန်မကျသေးဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ ထိုင်းနိုင်ငံက အဆိုပြုတဲ့ မြန်မာ့အရေး အ လွတ်သဘော ဆွေးနွေးမှုနဲ့ပတ်သက်တဲ့ သတင်းတစ်ပုဒ်အကြောင်း မေးမြန်းရာရာမှာ ခရစ်ရှနန်က ဖြေကြားခဲ့ ပါတယ်။

အာဆီယံခေါင်းဆောင်တွေဟာ သူတို့ရဲ့ရပ်တည်ချက်ကို မကြာသေးမီက ထပ်လောင်းအတည်ပြုခဲ့တယ် လို့ ဝါရှင်တန်မြို့တော်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ သူက ဆိုပါတယ်။

“အာဏာသိမ်းမှု၊ အရပ်သားတွေအပေါ် အကြမ်းဖက်မှု၊ တိုင်းပြည်တွင်း မတည်ငြိမ်မှု၊ အမျိုးသား ပြန် လည်သင့်မြတ်ရေး ကြန့်ကြာမှုနဲ့ စီးပွားရေးအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေကို ကျွန်တော်တို့ ရှုတ်ချ ခဲ့ပါတယ်” လို့ ခရစ်ရှနန်က ပြောပါတယ်။

မြန်မာ့အကျပ်အတည်း ဖြေရှင်းဖို့ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို အမေရိကန်နိုင်ငံက ထောက်ခံတယ် လို့ အန်တိုနီဘလင်ကန်က ပြောပါတယ်။

“စစ်ကောင်စီအပေါ် သင့်တော်တဲ့ဖိအား ဆက်လက်ပေးဖို့၊ အတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံနိုင်မယ့် နည်းလမ်းတွေရှာတွေဖို့ အလွန်ကို အရေးကြီးပါတယ်” လို့ သူက ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ ဇွန်လ ၁၈ ရက်နဲ့ ၁၉ ရက်မှာ မြန်မာ့အရေး ဆွေးနွေးဖို့ အာဆီယံအဖွဲ့ဝင်အချို့ တက် ရောက်မယ့် Track 1.5 လို့ခေါ်တဲ့ အလွတ်သဘော ဝန်ကြီးအဆင့် အစည်းအဝေးတစ်ခု လက်ခံကျင်းပဖို့ အဆိုပြု ထားပါတယ်။

အဲဒီ အလွတ်သဘော ဆွေးနွေးပွဲကို အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှား၊ အာဆီယံအင်အားကြီး မ လေးရှား၊ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့က တက်ရောက်မှာမဟုတ်ဖူးလို့ သိရပါတယ်။

မေလအတွင်းပြုလုပ်တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ သိသာတဲ့ရလဒ် မရ ရှိဘဲ အာဆီယံအဖွဲ့ဟာ ဆက်စပ်မှုမရဖြစ်လာပြီလို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက သတိပေးခဲ့ပါတယ်။

ကိုးကား – AFP
Ref; Singapore says ‘premature’ for ASEAN talks with Myanmar

#Ayeyarwaddy_Times