ဧရာဝတီတိုင်းမ်
ဇွန်လ ၁၈ ရက်

ယူကရိန်းတပ်ဖွဲ့တွေက တန်ပြန်ထိုးစစ်ဆင်မှု အရှိန်မြှင့်နေစဉ် နေတိုးအဖွဲ့က ယူကရိန်းသို့ f-16 ဂျက် တိုက်လေယာဉ်တွေ လွှဲပြောင်းပေးဖွယ်ရှိတာနဲ့ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးလိုက်ပါ တယ်။

ဇွန်လ ၁၆ ရက်က စိန့်ပီတာစဘတ်မြို့တော်မှာကျင်းပတဲ့ နိုင်ငံတကာညီလာခံမှာပြောကြားတဲ့ မိန့်ခွန်း တစ်ခုအတွင်း ပူတင်က အခုလို သတိပေးခဲ့တာဖြစ်ပါတယ်။

ရုရှားတပ်ဖွဲ့တွေက ဂျာမနီနိုင်ငံလုပ် Leopard တင့်ကား အများအပြားကို ဖျက်ဆီးခဲ့ကာ ယူကရိန်းသို့ F-16 ဂျက်တိုက်လေယာဉ်တွေ ပေးပို့မယ်ဆိုရင်လည်း ဖျက်ဆီးပစ်မယ်လို့ သူက ဆိုပါတယ်။

စစ်ပွဲမှာ အသုံးပြုဖို့ ယူကရိန်းနိုင်ငံပြင်ပရှိ စစ်ဘက်အခြေစိုက်စခန်းတွေမှာ F-16 ဂျက်တိုက်လေယာဉ် တွေ ဖြန့်ကြက်ထားမယ်ဆိုရင် ရုရှားနိုင်ငံက အဆိုပါလက်နက်တွေကို ဖျက်ဆီးပစ်မယ်လို့ ပူတင်က ပြောပါတယ်။

“နေတိုးအဖွဲ့က ဒီပဋိပက္ခမှာ ထပ်မံ ပါဝင်လာမယ်ဆိုရင် ဆိုးရွားတဲ့ အန္တရာယ်တစ်ခုရှိနေပါတယ်” လို့ သူ က သတိပေးလိုက်ပါတယ်။

ပူတင်ဟာ တောင်အာဖရိကနဲ့ အီဂျစ်အပါအဝင် အာဖရိက ၇ နိုင်ငံမှ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ ယူကရိန်းအခြေအနေကို အမြင်ချင်းဖလှယ်မှာဖြစ်ပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ အရှေ့ပိုင်းနဲ့တောင်ပိုင်းရှိ ဒွန်းနက်ခ်၊ ဇာပိုရီဇီယာဒေသမှာ ရုရှားတပ်ဖွဲ့တွေအ ပေါ် တန်ပြန်ထိုးစစ်ဆင်မှု ဆက်လက်ပြုလုပ်နေပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ နည်းဗျူဟာပိုင်းဆိုင်ရာ အောင်မြင်မှုတွေ ရရှိခဲ့ပြီး တိုင်းပြည်တောင်ပိုင်းမှာ တစ်ဖြည်းဖြည်း ရှေ့ဆက်ချီတက်နိုင်ပြီလို့ ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီး ဟန်နာမာလီယာက ပြောပါ တယ်။

ရုရှားတပ်ဖွဲ့တွေက ဝေဟင်တိုက်ခိုက်မှုတွေ တိုးမြှင့်ခဲ့တာကြောင့် ယူကရိန်းတပ်ဖွဲ့တွေဟာ ပြင်းထန် သောခုခံမှုကို ရင်ဆိုင်နေရတယ်လို့ သူက ဆိုပါတယ်။

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံတောင်ပိုင်းရှိ တိုက်ခိုက်ရေးရဟတ်ယာဉ်အုပ်စုတွေကို အင်အားဖြည့်တင်းခဲ့ တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရှေ့တန်းစစ်မျက်နှာပြင်မှ ကီလိုမီတာ ၁၀၀ ခန့်အကွာ အဇော့ဗ်ပင်လယ်ကို မျက်နှာမူထားတဲ့ လေဆိပ် တစ်ခုသို့ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂၀ ကျော် ထပ်မံ စေလွှတ်ခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက ဆိုပါတယ်။

ကိုးကား – NHK
Ref; Putin warns NATO against supplying F-16 fighter jets to Ukraine

#Ayeyarwaddy_Times