ဧရာဝတီတိုင်းမ်
ဇွန်လ ၁၈ ရက်
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံတွေနဲ့ နီးကပ်တဲ့ဆက်ဆံရေးတွေ ပိုပြုလုပ်လာခဲ့ပါတယ်။
ရုရှားက အနီးကပ်ဆုံးမဟာမိတ် ဘီလာရုစ်သို့ ပထမဆုံးသော နျူကလီးယားလက်နက်တွေ ပို့ဆောင်ခဲ့ပြီး ကျန်ရှိသော နျူကလီးယားလက်နက်တွေကို ယခုနှစ်အကုန်မှာ ပို့ဆောင်မယ်လို့ ပူတင်က ဇွန်လ ၁၆ ရက်မှာ ပြော ကြားခဲ့ပါတယ်။
မတ်လအတွင်း ဘီလာရုစ်သို့ နျူကလီးယားလက်နက်အချို့ ရွှေ့ပြောင်းမဲ့အစီအစဉ်ကို ပူတင်က ကြေညာ ခဲ့ပါတယ်။ အမှန်တစ်ကယ် ခြိမ်းခြောက်မှုတွေရှိလာမှသာ နျူကလီးယားလက်နက်တွေကို အသုံးပြုနိုင်မယ်လို့ သူ က ဆိုပါတယ်။
ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိယက်ဗ်မြို့ရှိ အဆောက်အအုံတိုင်းကို အလွယ်တကူ ဖျက်ဆီးနိုင်ပေမယ့် ထို သို့လုပ်ဆောင်ရန် အခုချိန်ထိ မရွေးချယ်ရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ကြိုးပမ်းမှုအနေနဲ့ အာဖရိကခေါင်းဆောင် ကိုယ်စားလှယ်အဖွဲ့တွေ ကိ ယက်ဗ်မြို့တော်သို့ လာရောက်ချိန်မှာ ရုရှားတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
“ပဋိပက္ခ အရှိန်လျှော့ချရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကိယက်ဗ်မြို့တော်မှာ ရှိနေချိန်မှာ ဒုံးကျည်တိုက် ခိုက်သံတွေ ကြားခဲ့ရပါတယ်။ အခုလိုမျိုးလုပ်ရပ်တွေဟာ ငြိမ်းချမ်းရေးအတွက် မကောင်းပါဘူး” လို့ တောင်အာဖ ရိကသမ္မတ ဆိုင်ရေးလ်ရမ်မာဖိုဆာက ပြောပါတယ်။
“ရုရှားသမ္မတဟာ ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ အသင့်မဖြစ်သေးပါဘူး။ သူဟာ ယူကရိန်းနိုင်ငံတော်ကို ဖျက်ဆီးလိုသူပါ။ ဒါဟာ သူ့ရဲ့ရည်ရွယ်ချက်ပါ” လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
အာဖရိကကိုယ်စားလှယ်အဖွဲ့ဟာ ယနေ့ စိန့်ပီတာစဘတ်မြို့တော်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။
ကိုးကား – NHK
Ref; Russian nuclear weapons arrive in Belarus