ဧရာဝတီတိုင်းမ်
ဇွန်လ ၁၆ ရက်

အမေရိကန်၊ ဗြိတိန်၊ ဒိန်းမတ်နဲ့ နယ်သာလန်နိုင်ငံတွေက ယူကရိန်းသို့ စစ်ရေးအကူအညီသစ် ပေးအပ် မယ်လို့ ကြေညာလိုက်ပါတယ်။

“ယူကရိန်းနိုင်ငံသို့ လေကြောင်းရန်ကာကွယ်ရေးကိရိယာတွေ ပေးပို့ဖို့ စီစဉ်နေပါတယ်” လို့အမေရိကန်၊ ဒိန်းမတ်၊ နယ်သာလန် ကာကွယ်ရေးဝန်ကြီးဌာနတွေနဲ့ ပူးတွဲထုတ်ပြန်ချက်တစ်ခုအတွင်း ဗြိတိန်နိုင်ငံက ပြောပါ တယ်။

လေကြောင်းရန်ကာကွယ်ရေးကိရိယာတွေဟာ အရေးကြီးတယ်လို့ မနေ့က ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ် ဆဲလ်မြို့မှာပြုလုပ်တဲ့ ၁၃ ကြိမ်မြောက် ယူကရိန်း အကူအညီရေးအဖွဲ့ အစည်းအဝေးမှာ အမေရိကန် ကာကွယ် ရေးဝန်ကြီး လွိုက်အော်စတင်က ပြောကြားခဲ့ပါတယ်။

“မြေပြင်က အခြေအနေတွေကို ပြောင်းလဲဖို့နဲ့ ယူကရိန်းတပ်ဖွဲ့ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ကျွန် တော်တို့ ဆက်လက်အကူအညီပေးမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

နယ်သာလန်နဲ့ဒိန်းမတ်နိုင်ငံတွေဟာ ယူကရိန်းလေယာဉ်မှူးတွေကို အက်ဖ်-၁၆ အပါအဝင် စတုတ္ထမျိုး ဆက် ဂျက်တိုက်လေယာဉ်တွေ လေ့ကျင့်ပေးဖို့ ဉီးဆောင်နေပါတယ်။

ဉရောပ ၁၀ နိုင်ငံနဲ့ ဖွဲ့စည်းထားသော ဗြိတိန်နိုင်ငံဉီးဆောင်တဲ့ ပူးတွဲတပ်ဖွဲ့က ယူကရိန်းသို့ ဒေါ်လာ ၁၁၆ သန်းတန်ကြေးရှိ လေကြောင်းရန်ကာကွယ်ရေးပစ္စည်းတွေ ထောက်ပံ့မယ်လို့ ကြေညာခဲ့ပါတယ်။

“လေကြောင်းရန်ကာကွယ်ရေးကိရိယာတွေ ထောက်ပံ့တဲ့အတွက် မဟာမိတ်တွေကို ကျေးဇူးတင်ပါ တယ်။ ရုရှားတွေက ဒုံးကျည်တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေချိန်မှာ လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ ယူက ရိန်းဝေဟင်နဲ့ ယူကရိန်းပြည်သူတွေကို ကာကွယ်ပေးရာမှာ အခရာကျပါတယ်” လို့ သမ္မတ ဇီလန်စကီးက တွစ် တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ယူကရိန်းသို့ ဒေါ်လာ ၃၂၁ သန်းတန်ကြေးရှိ လုံခြုံရေးအကူအညီ ထပ်မံပေးအပ်မယ်လို့ ဇွန်လ ၁၃ ရက် မှာ အမေရိကန်နိုင်ငံက ကြေညာခဲ့ပါတယ်။

ကိုးကား – UPI
Ref; U.S., Britain, Denmark and the Netherlands giving new air-defense aid to Ukraine

#Ayeyarwaddy_Times