ဧရာ၀တီတိုင်းမ်
ဇွန်လ ၁၇ ရက်
စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်တွင် စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံ စစ်ရှောင်များကို ဓားစာခံအဖြစ် နေရပ်ပြန်ခေါ်ပြီး ပျူစောထီးများက ရွာအပြင်ထွက်ခွင့် ပိတ်ထားကြောင်း သတင်းရရှိသည်။
အဆိုပါ ကျေးရွာမှာ တောင်အင်းကျေးရွာဖြစ်ပြီး စစ်ရှောင်များကို ရွာပြင်ထွက်ခွင့်ပိတ်ထားသလို ၎င်းတို့၏ ဖုန်းများကိုပါ ပြင်ပနှင့် အဆက်အသွယ်မပြုလုပ်နိုင်ရန် ပျူစေားထီးများက သိမ်းယူထားကြောင်း ဒေသခံမျာကပြောသည်။
“ပြန်ခေါ်ထားတဲ့ ပြည်သူတွေကို ရွာထဲမှာပိတ်လှောင်ထားကြတယ်။ အပြင်လုံး၀ထွက်ခွင့်မပေးဘူး အားလုံးနဲ့ အဆက်အသွယ်ဖြတ်ခိုင်းထားတယ်။ ပြည်သူတွေကို ဓားစာခံအဖြစ်ဖမ်းထားတဲ့သဘောပဲ။ ပျူစေားထီးတွေကိုလည်း အခုရက်ထဲစစ်ပညာသင်တန်းတွေလည်း တောက်လျှောက်ပေးနေတာလို့”မော်လိုက်ဒေသခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
မော်လိုက်မြို့နယ်တွင် အဆိုပါ တောင်အင်းကျေးရွာအပါအ၀င် ကင်းတပ်ရွာ၊ နားပင်းရွာ၊ တိန်သားရွာ၊ အော်ဇီးခုံ၊ စကားခုံ၊ ရွာတန်းရှည် စသည့် ကျေးရွာများသည် ပျူစေားထီးအင်အားကောင်းသည့် ကျေးရွာများ လည်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။
ထို့ပြင် မော်လိုက်မြို့ပေါ်နှင့် တောင်အင်းအုပ်စု တောင်အင်းကျေးရွာဘုန်းကြီးကျောင်းတွင်လည်း စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်များက ဇွန်လ (၆)ရက် နေ့မှ စတင်ပြီး ပျူစေားထီးများကို အုပ်စုခွဲကာ စစ်ပညာသင်တန်း ပေးနေကြောင်း ဒေသခံများထံကသိရသည်။
#မော်လိုက် #ပျူစေားထီး #စစ်ရှောင် #ဓားစာခံ #နေရပ်ကိုပြန်ခေါ် #ရွာပြင်ထွက်ခွင့်မပြု #ဖုန်းများပါသိမ်းယူထား
#Ayeyarwaddy_Times