ဧရာဝတီတိုင်းမ်
ဇွန်လ ၁၇ ရက်
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ တိုးတက်လာတဲ့လက္ခဏာ မ ရှိဘူးလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှနန်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ တွေ့ဆုံပြီးနောက် ပြောကြားလိုက်ပါတယ်။
စစ်တပ်ဟာ လက်နက်ကိုင် ဒီမိုကရေစီ တော်လှန်ရေးလှုပ်ရှားမှုကို ချေမှုန်းဖို့ မျက်နှာစာများစွာမှာ တိုက် ပွဲဝင်နေရမှုနဲ့အတူ တိုင်းပြည်ကို အကြမ်းဖက်မှုတွေအတွင်း သက်ဆင်းစေခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီကို စင် ကာပူအပါအဝင် အာဆီယံအဖွဲ့က အဆင့်မြှင့်အစည်းအဝေးတွေ တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။
မြန်မာ့နိုင်ငံရေးအခြေအနေ တိုးတက်မှုမရှိတာကြောင့် စစ်ကောင်စီနဲ့ အဆင့်မြှင့်ခေါင်းဆောင်ပိုင်းအဆင့် မှာ ပြန်လည်ထိတွေ့ဆက်ဆံရမဲ့အချိန်မဟုတ်ပေမယ့် အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံရှိ သက် ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံခဲ့တယ်လို့ ခရစ်ရှနန်က ပြောပါတယ်။
“မြန်မာ့အရေး ဘယ်လောက်အချိန်ကြာမြင့်မယ်ဆိုတာ ကျွန်တော် မသိပါဘူး။ မြန်မာနိုင်ငံမှာ နောက်ဆုံး အကြိမ် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်ပေါ်ဖို့ ၂၅ နှစ် ကြာမြင့်ခဲ့ပါတယ်။ အခုချိန်မှာတော့ အရင်လောက် အ ချိန်မကြာမြင့်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ သူက ဆိုပါတယ်။
ဗီဗီယန်ခရစ်ရှနန်ရဲ့အမြင်ကို သဘောတူပြီး မြန်မာ့အရေး အာဆီယံအဖွဲ့ရဲ့ကြိုးပမ်းမှုတွေကို အမေရိကန် နိုင်ငံက ထောက်ခံတယ်လို့ အန်တိုနီဘလင်ကန်က ပြောပါတယ်။
“အာဏာသိမ်းစစ်ကောင်စီအပေါ် ဆက်လက် ဖိအားပေးဖို့နဲ့ အတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ အလွန်ကို အရေးကြီးပါတယ်” လို့ အန်တိုနီဘလင်ကန်က ဆိုပါတယ်။
အမေရိကန်နိုင်ငံက မြန်မာစစ်တပ်နဲ့ နိုင်ငံပိုင်လုပ်ငန်းတွေအပေါ် ဒဏ်ခတ်အရေးယူတာတွေ ပြုလုပ်ကာ စစ်ကောင်စီထံ လက်နက်ရောင်းချတာတွေရပ်တန့်ဖို့ အခြားတိုင်းပြည်တွေကို တိုက်တွန်းခဲ့ပါတယ်။
စင်ကာပူနိုင်ငံရှိ ကုမ္ပဏီတွေမှတစ်ဆင့် မြန်မာစစ်တပ်ထံ ဒေါ်လာ ၂၅၄ သန်းတန်ကြေးရှိ စစ်လက်နက် တွေ တင်ပို့ခဲ့တယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ဉီးက မေလအတွင်း ဖော်ထုတ်ခဲ့ပါတယ်။
အဆိုပါသတင်းတွေနဲ့ပတ်သက်လို့ ခရစ်ရှနန်က စင်ကာပူရဲ့မူဝါဒမှာ မြန်မာစစ်တပ်ထံ စစ်လက်နက်တွေ မရောက်ရှိစေဖို့ ပိတ်ပင်ရာမှာ အကောင်းဆုံး ကြိုးပမ်းဖို့ဖြစ်ပြီး ကုလသမဂ္ဂ ကျွမ်းကျင်သူရဲ့ တွေ့ရှိချက်တွေကို အ ရေးယူမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Vivian Balakrishnan, Antony Blinken share pessimism on situation in Myanmar