နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇွန်လ ၁၇ ရက်

ဧရာဝတီတိုင်းအတွင်းရှိ မအူပင်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား ခြောက်ဦးကို ထောင်ပိုင်ကြီး ဦးဆောင်ကာ ဝိုင်းဝန်းရိုက်နက်ပြီး တိုက်ပိတ်ထားကြောင်းသတင်းရရှိသည်။

ဇွန်လ ၁၁ရက်နေ့က မအူပင်အကျဥ်းထောင်သို့ အကျဥ်းဦးစီးဌာနမှ ညွုန်ကြားရေးမှုး ဦးဇော်စစ်အောင် လာရောက်စဥ် နိုင်ငံရေးအကျဥ်းသားအချို့က စကားပြေားကြမ်းသည်ဟုဆိုကာ အပြင်ခေါ်ထုတ်၍ ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း အကျဥ်းဦးစီးဌာနနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

“ အရိုက်ခံရသူတွေက ပြီးခဲ့တဲ့ ၂၀၂၂ခု နှစ်စက်တင်ဘာလ (၁)ရက်နေ့က ရန်ကုန်တိုင်း အလုံမှာ ဖမ်းဆီးခံရတဲ့ မအူပင်မြို့ PDF အဖွဲ့က ကိုစိုင်းနောင် (ခ)လက်ယာ၊ ကိုမျိုးမင်းဦး ၊ ကိုဝေဖြိုးအောင်၊ ကိုသူရဦး၊ ကိုငြိမ်းချမ်း နဲ့ ကိုတာရာလင်းတို့ကို ရိုက်ပြီး တိုက်ပိတ်ထားတာပါ” ဟု မအူပင်ထောင်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အတွက် ထောင်ချခံထားရသည့် ရဲဝန်ထမ်း ကိုတာရာလင်းအောင်က အကျဥ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ထူးအောင်အား လူ့အခွင့်ရေးချိုးဖောက်ခံရမှုများနှင့် နိုင်ငံရေးအကျဥ်းသားများအနေဖြင့် ရသင့်ရထိုက်သည့် အခွင့်အရေးများကို တင်ပြခဲ့ခြင်းကို အကြောင်းပြုပြီး ရိုက်နှက်တိုက်ပိတ်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုတာရာလင်းသည် ကြံခင်းမြို့နယ်က ဒုတိယ ရဲတပ်ကြပ်ဖြစ်ပြီး ၂၀၂၁ခု နှစ် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် အလိုမရှိကြောင်း လူမှု့ကွန်ယက်တွင် ရေးသားခဲ့မှု့ကြောင့် ၎င်း၏ အကိုဖြစ်သူနှင့်အတူဖမ်းဆီးခံရပြီး ပုသိမ်အကျဥ်းထောင်တွင် အကျဥ်းချခံထားရာမှ မအူပင်အကျဥ်းထောင်သို့ ပြောင်းရွှေ ခံထားရသူလည်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့သူများနှင့် စစ်အာဏာရှင်ကို အလိုမရှိကြောင်း လူမှုကွန်ယက်တွင် ရေးသားခြင်းကြောင့် မအူပင်ထောင်တွင် အကျဥ်းကျခံနေရသူ သူ (၁၀၀)ကျော်အထိရှိနေကြောင်း သိရသည်။

#မအူပင်ထောင်# နိုင်ငံရေးအကျဥ်းသားများကို # အကြမ်းဖက်ရိုက်နှက်# တိုက်ပိတ်#
# Ayeyarwaddy _ Times