ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဇွန် ၁၆ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာအုပ်စု အင်းဗူးရွာရှိ စစ်ဘေးရှောင်းများ၏ နေအိမ်လေးလုံးကို ယနေ့ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သည် ယနေ့ နံနက် ၈ နာရီခန့်က အဆိုပါအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်များမှာမူ စစ်ဘေးရှောင်နေ၍ ထိခိုက်သေဆုံးမှု မရှိဘူးကြောင်း သိရသည်။
“ဒီမနက် မှာ မီးရှို့ခံရတဲ့အိမ်ကလေးဆောင်ရှိပါပြီ။ နောက်ထပ်ရှို့နေတာတွေလည်း ရှိသေး တယ်။ ဒီကနေ့မနက် ၁၁ နာရီ အထိ မီးခိုးလုံးကြီးတွေထွက်နေတာကို အဝေးကနေ လှမ်းမြင်နေရတယ် “ဟု ရငဲရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇွန် လဆန်းပိုင်းမှစတင်ကာ သရက်ချောင်းမြို့နယ် အတွင်းရှိ ကျေးရွာများမှ နေအိမ် ၁၀ အိမ်ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ ၁၀ ရွာခန့်မှ လူဦးရေ ၅,၀၀၀ နီးပါးသည် နီးစပ်ရာ တောတောင်များတွင် စစ်ဘေးရှောင် နေရကြောင်း သိရသည်။
ပုံစာ – ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးနေသည့် အင်းဗူးရွာ နေအိမ်
#သရက်ချောင်းမြို့နယ် #အင်းဗူးရွာ #စစ်ဘေးရှောင်နေအိမ် #စစ်ကောင်စီတပ် #မီးရှို့ဖျက်ဆီး #Ayeyarwaddy_Times