ဧရာ၀တီတိုင်းမ်
ဇွန်လ ၁၆ ရက်
မန္တလေးတိုင်းအခြေစိုက် Bagan ogre Force (ပုဂံပြည်ဘီလူးတပ်) မှ သင်တန်းသား ၁၅ ဦးသည် မြိုပြစစ်ဆင်ရေး ဆင်နွှဲရန်အတွက် KIA (ကချင်လွတ်မြောက်ရေးတပ်မတော်) မှ အရာရှိများ၏ အကူအညီဖြင့် အထူး ကွန်မန်ဒိုသင်တန်း အမှတ်စဉ် (၁) ရက်၁၀၀ သင်တန်းကို ၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့မှ ဇွန်လ ၁၄ ရက်နေ့အထိ တက်ရောက်ခဲ့ကြောင်း သိရသည်။
Bagan ogre Force (ပုဂံပြည်ဘီလူးတပ်) အနေဖြင့် မြို့ပြစစ်ဆင်ရေးများ အမြန်ဆုံး ဖော်ဆောင်နိုင်ရန် ရည်ရွယ်ထားပြီး စစ်ကောင်စီ၏ ရဲစခန်း၊ ရဲကင်းစခန်းနှင့် ပတ်ကင်း များကို အဓိကထား တိုက်ခိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပုဂံပြည်ဘီလူးတပ် အဖွဲ့ခေါင်း ဆောင် ကိုဇီးကွက် ထံက သိရသည်။
“မြို့ပြ စစ်ဆင်ရေး တွေ အမြန်ဆုံး ဖော်ဆောင် နိုင်ဖို့ အတွက်ရည်ရွယ်ပြီး လုပ်ခဲ့တာပါ။ စစ်ကောင်စီ ရဲ့ ကင်းစခန်းတွေ ၊ ရဲစခန်းတွေ ၊ ပတ်ကင်းတွေ ကို အခွင့်အရေး ရသလို တိုက်ခိုက် သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဓိက ပစ်မှတ်က စခ (စစ်ကောင်စီတပ်သား) ၊ ရခ (ရဲတပ်သား) တွေပါ” ဟု ပုဂံပြည်ဘီလူးတပ် အဖွဲ့ခေါင်း ဆောင် ကိုဇီးကွက်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပုဂံပြည်ဘီလူးတပ်ကို အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ (NUG) မှ လက်နက်နှင့် ကျည်များ တပ်ဆင်ပေးထားပြီဖြစ်၍ မဟာမိတ်အဖွဲ့များ ဖြစ်ကြသည့် မြင်းခြံ၊ တောင်သာအဖွဲ့ မှ အထူးသင်တန်းပေးထားသည့် ကွန်မန်ဒိုများနှင့်ပါ ပူးပေါင်း၍ စစ်ဆင် ရေးများကို အမြန်ဆုံး အကောင်အထည် ဖော်ထည်သွားမည်ဖြစ်ကြောင်း သိရသည်။
“NUG အနေနဲ့လည်း ကျွန်တော်တို့ကို လက်နက်၊ ကျည် အပြည့်အစုံ နီးပါ တပ်ဆင် ပေးထားပါပြီ။ မဟာမိတ်ဖြစ်တဲ့ မြင်းခြံ တောင်သာ အဖွဲ့ကနေ အထူးသင်တန်း ပေးထားတဲ့ ကွန်မန်ဒိုတွေနဲ့ ပူးပေါင်းပြီး စစ်ဆင်ရေးတွေကို အမြန်ဆုံး အကောင်အထည် ဖော်မှာပါ။ ပြည်သူများအနေနဲ့ မဆိုင်သလိုမနေကြဘဲ တက်နိုင်တဲ့ဘက်က ပါဝင်ပေး ကြပါ” ဟု ကိုဇီးကွက် က ဆက်လက်ပြောကြားသည်။
Bagan ogre Force (ပုဂံပြည်ဘီလူးတပ်)သည် တော်လှန်ရေး ၂ နှစ်ကျော်ကာလအတွင်း ညောင်ဦးခရိုင်အတွင်းရှိ ငါ့သရောက်ရဲစခန်း နှင့် ပွေးကျစ်ရဲစခန်း များကို သိမ်းနိုင်ခဲ့ပြီး ပျူစောထီး ၊ သွေးသောက်၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ဒလန်ဆိုသူ ၄၀ ကျော်ကို သုတ်သင်ခဲ့ကြောင်း သိရသည်။
“မကြာခင် တနိုင်ငံလုံး မြို့သိမ်းတိုက်ပွဲတွေ လာပါတော့မယ်။ ကျွန်တော်တို့မြို့ကို ကျွန်တော်တို့ ပြန်သိမ်းပါမယ်။ ကျွန်တော်တို့လည်း အိမ်ကိုလွမ်းလှပါပြီ” ဟု ပုဂံပြည်ဘီလူးတပ် အဖွဲ့ခေါင်းဆောင် ကိုဇီးကွက်က ဆိုသည်။
ဓာတ်ပုံ- Bagan ogre Force
ပုံစာ- ပုဂံပြည်ဘီလူးတပ်၏ အထူးကွန်မန်ဒိုတပ်သားများကို တွေ့ရစဉ်
#ပုဂံပြည်ဘီလူးတပ် #အထူးကွန်မန်ဒို #မြို့ပြစစ်ဆင်ရေး #ရဲကင်းစခန်း #ရဲစခန်း #အဓိကထားတိုက်ခိုက် #Ayeyarwaddy_Times