ဧရာဝတီတိုင်းမ်
ဇွန်လ ၁၆ ရက်
ဧရာ၀တိီတိုင်း၊ ကျောင်းကုန်းမြို့မှာ ဇွန်လ ၁၄ ရက်နေ့ ညက ရဲတပ်ကြပ်ကြီးတစ်ဦးဆိုင်ကယ်နဲ့ အမျိုးသားနှစ်ဦးစီးလာတဲ့ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုကိမိပြီး တစ်ဦးသေဆုံးသွားတယ်လို့မြို့ခံတွေဆီကနေသိရပါတယ်။
ကျောင်းကုန်းမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးစောမူးဒင်ဆိုသူ နေအိမ်ကို ဆိုင်ကယ်နဲ့ ပြန်စဥ်မှာ အမှတ် ၂ ရပ်ကွက်၊ ဆေးရုံကွေ့လမ်းမှာ အမျိုးသား ၂ ဦးစီးလာတဲ့ဆိုင်ကယ်က ၀င်တိုက်မိတာလို့ ရဲတပ်ဖွဲ့နီးစပ်သူတွေကပြောပါတယ်။
” ဘယ်သူကလမ်းမှားတယ်လို့တော့မသိဘူး။ လောလောဆယ် ကောင်လေး၂ယောက်မှာ တစ်ယောက်သေတယ်တစ်ယောက်က အမှုဖွင့်ခံထားရတယ်” ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဆိုင်ကယ်တိုက်မှုမှာ ဇော်လင်းဆိုသူ မှာပွဲခြင်းပြီးသေဆုံးသွားပြီး ရဲတပ်ကြပ်ကြီးနဲ့ အမျိုးသားတစ်ဦးကိုတော့ ဆေးရုံကိုတင်ပို့ထားရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ယာဥ်တိုက်မှုဖြစ်စဥ်နဲ့ပတ်သတ်ပြီး သေဆုံးသွားသူ ဇော်လင်းဆိုသူကိုပဲ ယာဥ်မဆင်မခြင်မောင်းနှင်မှုနဲ့အမှုဖွင့်လိုက်တယ်လို့
ရဲတပ်ဖွဲ့ နဲ့ နီးစပ်သူတွေထံကနေသိရပါတယ်။
#ကျောင်းကုန်း #ရဲတပ်ကြပ် #ဆိုင်ကယ်တိုက်မှုဖြစ် #တစ်ဦးသေဆုံး၊ #သေဆုံးသူအမှုဖွင့်ခံရ