ဧရာဝတီတိုင်းမ်
ဇွန်လ ၁၆ ရက်

ဆယ်စုနှစ်များစွာကြာ စစ်အုပ်ချုပ်ရေးကာလအတွင်း မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဟာ နည်းဗျူဟာတွေ တစ်ခါတစ်ရံ ပြောင်းလဲခဲ့ပေမယ့် ပြည်သူတွေကြား သွေးကွဲအောင် လှုံ့ဆော်တာ။ လူမျိုးစုကြား အကြမ်းဖက်မှု တွေ ဖန်တီးတာနဲ့ အာဏာချုပ်ကိုင်ဖို့ အပြောင်းအလဲမရှိသော မဟာဗျူဟာတစ်ခုကိုသာ အားထားခဲ့ပါတယ်။ ဒီ လို ထပ်တလဲလဲကျင့်သုံးနေတဲ့ ပရိယာယ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ ကျဆုံးခဲ့ပါတယ်။

ယနေ့အချိန်မှာ မြန်မာနိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဖို့ တိုင်းရင်းသားနဲ့ နိုင်ငံရေးအဖွဲ့ အစည်းတွေကို ပေါင်းစည်းစေတဲ့ သမိုင်းဝင် စည်းလုံးညီညွတ်မှုရရှိနေပါပြီ။ ယူကရိန်းပြည်သူတွေလို မြန်မာပြည် သူတွေဟာလည်း သတ္တိရှိပြီး စိတ်ဓာတ်ခိုင်မာကာ စည်းလုံးညီညွတ်တဲ့အပြင် ဒီမိုကရေစီတိုက်ပွဲအတွက် ကြီးမား တဲ့ စွန့်လွှတ်မှုတွေ ပြုလုပ်လိုကြပါတယ်။ ယူကရိန်းပြည်သူတွေနဲ့မတူတာက မြန်မာပြည်သူတွေဟာ အခြားနိုင်ငံ တွေရဲ့ အကူအညီတွေ မရရှိတာပဲဖြစ်ပါတယ်။

ရုရှားကျူးကျော်စစ်ကို ခုခံနေရတဲ့ ယူကရိန်းနိုင်ငံရရှိတဲ့ အကူအညီရဲ့အနည်းငယ်မျှသာ ရရှိမယ်ဆိုရင် မြန်မာစစ်အာဏာရှင်တွေကို ဖြုတ်ချမယ့်တိုက်ပွဲမှာ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ အာဏာသိမ်းမှုနဲ့ အာ ဏာလုယူမှုကြောင့် ဖြစ်လာခဲ့တဲ့ မကြုံစဖူး စည်းလုံးညီညွတ်မှုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ၈၈ မျိုးဆက်အဖွဲ့တွေလိုမျိုး အဖွဲ့အစည်းအသီးသီးရဲ့ စည်းလုံးညီညွတ်မှုက န မူနာဖြစ်ပါတယ်။ ဒီအဖွဲ့တစ်ခုစီက ယနေ့ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ တော်လှန်ရေးလှုပ်ရှားမှုကို ဉီးဆောင်နေ ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးပြီးချင်း ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ခု တည် ထောင်ဖို့ ရည်ရွယ်တဲ့ တော်လှန်ရေးလှုပ်ရှားမှုကို လမ်းညွှန်မှုပေးဖို့ ရွေးကောက်ခံခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ တွေ၊ အရပ်ဘက်အဖွဲ့အစည်းအမျိုးမျိုး၊ တိုင်းရင်းသားလူနည်းစုအဖွဲ့အစည်းတွေ၊ CDM ပြည်သူ့ဝန်ထမ်းတွေက ကြားကာ လအုပ်ချုပ်ရေးစနစ် ထူထောင်ဖို့ လက်တွဲခဲ့ကြပါတယ်။ လအနည်းငယ်အကြာမှာ အမျိုးသားညီညွတ် ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့က တော်လှန် ရေးအခင်းအကျင်းကို ထိန်းကျောင်းဖို့ အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ကို ဖွဲ့စည်းခဲ့ပါတယ်။

တော်လှန်ရေးအဖွဲ့အသီးသီးကြား ဆွေးနွေးမှု၊ အသီးသီးသော တိုင်းရင်းသားနဲ့ ဘာသာရေးနောက်ခံသ မိုင်းရှိတဲ့ လူပုဂ္ဂိုလ်တွေ၊ မျိုးဆက်တွေ၊ အလွှာစုံပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုကြောင့် တော်လှန်ရေးလှုပ်ရှားမှု ဟာ တစ်ဖြည်းဖြည်း စည်းလုံးညီညွတ်မှုနဲ့ ပေါင်းစည်းမှု ရှိလာခဲ့ပါတယ်။ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တန်းတူညီ မျှမှုကို အာမခံတဲ့ ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ခု ပေါ်ပေါက်ရေးအတွက် အခြေခံအုတ် မြစ်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ရေးဆွဲနိုင်ခဲ့ပါတယ်။

#ကိုယ့်ပြည်သူကိုစစ်ပြန်တိုက်တဲ့စစ်ကောင်စီ

ကိုယ့်ပြည်သူတွေအပေါ် စစ်ပွဲပြန်ဆင်နွှဲနေတဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မိမိတို့ အရှိန် မြှင့်နိုင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်မှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နယ်ရှိ ပဇီကြီးကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ ပကဖရုံးခန်း ဖွင့်လှစ်ပွဲအတွက် စု ဝေးနေတဲ့ ကျေးရွာသားတွေကို အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေက ဗုံးကြဲ တိုက်ခိုက်ကာ စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက အဆုံးမသတ်ဘဲ နောက်ထပ်လည်း လေ ကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အာဏာသိမ်းပြီး ၂ နှစ်ခွဲကာလအတွင်း မြန်မာစစ်တပ်ဟာ အရပ် သား ထောင်ချီ သတ်ဖြတ်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လိုမျိုး ရွေးကောက်ခံ တာဝန် ရှိသူတွေ အပါအဝင် သောင်းနဲ့ချီတဲ့ပြည်သူတွေကို ထိန်းသိမ်းကာ မီးရှို့တိုက်ခိုက်မှုအတွင်း နေအိမ်သောင်းချီ ဖျက် ဆီးခဲ့ပြီး အရပ်ဘက်ပစ်မှတ်တွေအပေါ် ရာနဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ပြည်သူ့ဆန္ဒကို ဆန့်ကျင်ကာ အာဏာပြန်လည်ရယူလိုတဲ့ ဗိုလ်ချုပ်ကြီးတွေကို ဆန့်ကျင်တော်လှန်တာ ကြောင့် ဗမာအများစုနေထိုင်ရာ မြေပြန့်လွင်ပြင်နဲ့ တိုင်းရင်းသားလူနည်းစုဒေသတွေဟာ စစ်ကောင်စီရဲ့ အဓိက ပစ်မှတ်တွေ ဖြစ်လာပါတယ်။ ၂၀၂၁ ခုနှစ် နွေဉီးမှာ အာဏာသိမ်းမှုကို ငြိမ်းချမ်းသော ဆန္ဒပြမှုနဲ့ စတင်ခဲ့ပေမယ့် ဗိုလ်ချုပ်ကြီးတွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ဆန္ဒပြမှုတွေဟာ လက်နက်ကိုင်တော်လှန်ရေးအဖြစ် ပြောင်းလဲ လာခဲ့ပါတယ်။

အရပ်ဘက်အုပ်ချုပ်ရေးပြန်ရဖို့ လူထုလှုပ်ရှားမှုမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင် ငံမှာ ပျောက်ကွယ်သွားတဲ့ ရည်မှန်းချက်တစ်ခုဖြစ်တဲ့ စစ်တပ်ရဲ့ထိန်းချုပ်မှုကင်းသော အားလုံးပါဝင်သော ဖက်ဒ ရယ်ဒီမိုကရေစီ နိင်ငံတော်သစ်တစ်ခု တည်ဆောက်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာ တော်လှန်ရေးတစ် ရပ်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ လက်နက်ကိုင် ခုခံတော်လှန်ရေးအဖြစ် ပြောင်းလဲမှုနဲ့အတူ ပြည်သူတွေကို စစ်တပ်ရဲ့ရန်မှ ကာကွယ်ပေးဖို့နဲ့ စစ်ကောင်စီကို ဖြုတ်ချဖို့ရည်ရွယ်ကာ နိုင်ငံတစ်ဝှန်းရှိ လူငယ်တွေကို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေက ကူညီကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) တွေကို လေ့ကျင့်ပေးခဲ့ပါ တယ်။

#အရှိန်ရလာတဲ့စစ်ကောင်စီဖြုတ်ချရေးလက်နက်ကိုင်တော်လှန်မှု

လက်နက်ကိုင်တော်လှန်မှုရဲ့ ဗဟိုချက်မအနေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနက စစ်ကောင်စီကို တိုက် ခိုက်ရာမှာ အကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မ တော် (KIA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ NUG ကာ ကွယ်ရေးဝန်ကြီးဌာနဟာ ပူးတွဲဗဟိုကွပ်ကဲမှုဌာနချုပ်ကို ထူထောင်ကာ စစ်ဆင်ရေးတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ ကယားနဲ့ ချင်းအပါအဝင် အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းရှစ်ခုနဲ့ မဟာဗျူဟာမြောက် မိတ်ဖက် ဆောင်ရွက်မှု လုပ်ဆောင်နေပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနဟာ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ခိုင်မာသော နား လည်မှု အောင်မြင်စွာ တည်ဆောက်ခဲ့ကာ စစ်တပ်ကို တိုက်ခိုက်ကာ တော်လှန်ရေးလှုပ်ရှားမှုကို အားပေးနေတဲ့ အဆိုပါအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ နဲ့ PDF တွေ၊ မဟာမိတ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက လေကြောင်းအင်အားနဲ့ အရင်းအမြစ်သာလွန်တဲ့ မြန်မာ စစ်တပ်ကို အာခံနေတဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေသော မြန်မာပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်မှု နဲ့ စိတ်ပိုင်းဖြတ်ထားမှုအတွက် အထောက်အထားတစ်ခု ဖြစ်ပါတယ်။

မကြံစဖူး စည်းလုံးညီညွတ်မှုက အောင်မြင်ဖို့ အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အကြမ်း ဖက်နည်းဗျူဟာတွေဟာ စစ်ရေးနဲ့ နိုင်ငံရေးအပါအဝင် မျက်နှာစာပေါင်းစုံမှာ ကျဆုံးနေပါတယ်။ စစ်ကောင်စီအ တွက် အကြမ်းဖက်နည်းဗျူဟာတွေဟာ ရှင်သန်ရေးအတွက် တိုက်ပွဲဝင်ရမှု ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့အ တွက်တော့ အမှောင်လွှမ်းနေတဲ့ မြန်မာနိုင်ငံအတွက် အနာဂတ်တစ်ရပ်ကို မြင်တွေ့ရဖို့ အကောင်းဆုံး အခွင့်အ ရေးဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုနဲ့အတူ ကျွန်တော်တို့ ရှေ့ဆက်ဆောင်ရွက်နေပါတယ်။

ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုနဲ့အတူ PDF တွေဟာ ဗမာအများစုနေထိုင်ပြီး သမိုင်းကြောင်းအရ၊ မ ဟာဗျူဟာအရ လူမှုစီးပွားရေး အရေးပါမှုနဲ့အတူ မြန်မာနိုင်ငံရဲ့ ဗဟိုချက်မဒေသလို့ဆိုတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီး အပါအဝင် ကျေးလက်ဒေသအများစုမှာ နယ်မြေစိုးမိုးမှုတွေ ပြုလုပ်ထားနိုင်ပါ ပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း သူတို့ရဲ့ပိုင်နက်နယ်မြေတွေအတွင်း ထိရောက်တဲ့ အုပ် ချုပ်မှုနဲ့ နယ်မြေထိန်းချုပ်မှုတွေ ပြုလုပ်ထားနိုင်ပါပြီ။

NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေ ထက်ဝက်ကျော် ကို ထိန်းချုပ်ထားတယ်ဆိုတာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ဝန်ခံထားရပါပြီ။ စစ်အုပ်ချုပ် ရေးမှာ ဘုံရန်သူအဖြစ် သတ်မှတ်ပြီး အရပ်ဘက်အုပ်ချုပ်ရေးမှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်ခု တည် ဆောက်ဖို့ ရည်မှန်းချက်တစ်ရပ် သတ်မှတ်ချက်နဲ့အတူ တစ်နိုင်ငံလုံးက ရည်မှန်းချက်အောင်မြင်ဖို့ ခိုင်မာစွာ သံန္နိဌာန်ချထားပါတယ်။ မြန်မာပြည်သူတွေဟာ စည်းလုံးညီညွတ်စွာ တစ်သံတည်း ရှေ့ဆက်ချီတက်နေပါတယ်။ ပြည်ပတိုင်းပြည်တွေဟာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာပြည်သူတွေဟာ တော်လှန်ရေးအတွက် သူတို့ရဲ့ လစာတွေ ကို ထည့်ဝင်ကူညီနေကြပါတယ်။

စစ်ကောင်စီက သူတို့ပိုင်မြေယာတွေကို မီးရှို့နေတာတောင် အထက် မြန်မာပြည်က သက်ကြီးမိခင်တွေ ဟာ သူတို့ရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ နားကပ်တွေကို စစ်အာဏာရှင် တော်လှန်ရေးအတွက် လှူဒါန်းနေကြပါ တယ်။ ကျွန်တော်တို့ဟာ စစ်ကောင်စီကို လက်လုပ်တူမီးသေနတ်တွေနဲ့ စတင်ခုခံခဲ့တာပါ။ စစ်ကောင်စီရဲ့ အော် တိုစစ်လက်နက်တွေနဲ့ ရုရှားမှရရှိနဲ့ နောက်ဆုံးပေါ် ဂျက်တိုက်လေယာဉ်တွေကို ရင်ဆိုင်ရပေမယ့် ကျွန်တော်တို့ သူတို့ အလူးအလဲခံနေရအောင် လုပ်ဆောင်နိုင်ပါတယ်။ ယူကရိန်းက ဆုံးရှုံးခဲ့တဲ့နယ်မြေတွေကို ပြန်လည်သိမ်း ပိုက်ရေး တန်ပြန်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေသို မြန်မာပြည်သူတွေကလည်း စစ်ကောင်စီရဲ့ ခိုးယူတာခံခဲ့ရတဲ့ မြေ တစ်လက်မတိုင်းအတွက် တိုက်ပွဲဝင်နေရပါတယ်။

#မြန်မာပြည်သူတွေရဲ့တိုက်ပွဲဝင်မှု

အလျင်အမြန် အောင်ပွဲရဖို့ဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ခံအားပေးမှုနဲ့ အကူအညီ လိုအပ် မှာဖြစ်တာကြောင့် ကျွန်တော်တို့ ယူကရိန်းပြည်သူတွေနဲ့ မနှိုင်းယှဉ်နိုင်ပါဘူး။ ကျွန်တော်တို့ အကူအညီ အနည်း ငယ်သာရရှိခဲ့ပါတယ်။ ယူကရိန်းနိုင်ငံကိုပေးအပ်တဲ့ အကူအညီရဲ့ ၁ ရာခိုင်နှုန်းမျှသာ ကျွန်တော်တို့ကို ပေးမယ် ဆိုရင် အဆုံးအဖြတ်တိုက်ပွဲအောင်မြင်ဖို့ မြန်မာ့တော်လှန်ရေးအတွက် အရေးပါကြောင်း သက်သေပြမှာဖြစ်ပါ တယ်။

မြန်မာနိုင်ငံက လက်ရှိ တော်လှန်ရေးလှုပ်ရှားမှုဟာ တစ်မူထူးခြားပြီး နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုရရှိဖို့ ထိုက်တန်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေရဲ့ စည်းလုံးညီညွတ်မှု၊ ဒီမိုကရေစီမှာ မဆုတ်မနစ်သောယုံကြည်မှု ကြောင့် ဆယ်စုနှစ်ခုနှစ်ခုကြာ အဆုံးမသတ်တဲ့ ပြည်တွင်းစစ် ကြုံတွေ့ရပြီးနောက် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်း ရေး၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှု ဆောင်ကျဉ်းပေးဖို့ အကောင်းဆုံးနဲ့ နောက်ဆုံး အခွင့်အရေးဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းထံမှ ကျွန်တော်တို့ ဘယ်လိုအကူအညီမျိုး ရရှိသည်ဖြစ်စေ မြန်မာပြည်သူတွေ ဟာ စစ်အာဏာရှင်တော်လှန်ရေးမှာ တုန်လှုပ်မှာမဟုတ်ပါဘူး။ ဒီတိုက်ပွဲမှာ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုသာ ရရှိ မယ်ဆိုရင် စစ်အာဏာရှင်ကို အချိန်တိုအတွင်း အောင်နိုင်မယ်လို့ မြန်မာပြည်သူတွေက ယုံကြည်ပြီး ငြိမ်းချမ်း သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မြန်ဆန်စွာ ပေါ်ပေါက်ကာ ဒေသတွင်း တည်ငြိမ်မှု ပြန်လည်ရရှိစေမှာ ဖြစ်ပါတယ်။

ဇွန်လ ၁၃ ရက်က USIP ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ KIC ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်၊ NUG ကာကွယ်ရေး ဝန်ကြီး ဉီးရီမွန်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် အထင်ရှားဆုံး တက်ကြွလှုပ်ရှား သူ ဉီးမင်းကိုနိုင်တို့ ပူးပေါင်းရေးသားထားတဲ့ Like Ukraine, Myanmar deserves international aid ကို ဆီ လျော်အောင် ဘာသာပြန်ထားပါသည်။