ဧရာဝတီတိုင်းမ်
ဇွန်လ ၁၆ ရက်

ရုရှားနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း Rosatom Group က မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ် အား ၁၇၂ မဂ္ဂါဝပ် နဲ့ မဂ္ဂါဝပ် ၂၀၀ ထုတ်လုပ်နိုင်မယ့် လေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။

လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ လေအားလျှပ်စစ်ကုမ္ပဏီ Novawind၊ စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာနဲ့ Primus Advanced Technologies Ltd တို့ကြား ဖြစ်တန်ချေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ် လက်မှတ်ရေးထိုးပြီးနောက် Rosatom Group က အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

စုစုပေါင်း ဓာတ်အားပမာဏ ၁၇၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးမြို့အနီး လေ အားလျှပ်စစ်စီမံကိန်း တည်ဆောက်ဖို့ MoU ကို လက်မှတ်ရေးထိုးတာလို့ Rosatom Group က ပြောပါတယ်။

မင်းလှခရိုင်မှာ လျှပ်စစ်ဓာတ်အား ၁၁၆ မဂ္ဂါဝပ်နဲ့ မင်းတုန်းခရိုင်မှာ ၅၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့် လေ အားလျှပ်စစ်မီမံကိန်းတွေလည်း တည်ဆောက်မှာဖြစ်ပါတယ်။

သဘောချက်အရ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နဲ့ ညောင်ဉီး မြို့နယ်ရှိ ကျေးရွာတွေမှာ လျှပ်စစ်ဓာတ်အား ၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့် လေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။

ရုရှားကုမ္ပဏီတွေမှာ အာဏာသိမ်းမှုနောက်ပိုင်း အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုခံနေရတဲ့ မြန် မာစစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လာပါတယ်။

ကိုးကား – Interfax
Ref; Rosatom to build 372 MW of wind power capacity in Myanmar

#Ayeyarwaddy_Times