ဧရာဝတီတိုင်းမ်
(ရေတာရှည်)၊ ဇွန်လ ၁၅ ရက်
ပဲခူးတိုင်း၊ ရေတာရှမြို့နယ်၊ သာဂရမြို့၊ ငှက်ပျောတောကျေးရွာရှိ စစ်တောင်းမြစ်ကူး တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁) ၊ တပ်ခွဲ (၆) က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်တောင်းမြစ်ကူးတံတား စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး အင်အား ၁၅ ယောက်ခန့်ရှိပြီး အဝေးထိန်းပြင်းအားကြီးမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ခေါင်းဆောင် သေဆုံးခဲ့ပြီး သုံး ဦးဒဏ်ရာ အပြင်းအထန်ရခဲ့ကြောင်း သိရသည်။
“တစ်ယောက်ကတော့ချက်ခြင်းသေသွားတယ်။ နောက်တစ်ယောက်ကတော့ ပေါင်ပြတ် သွားတယ်လို့ သိရတယ်။ ဂိတ်စောင့်စစ်သား(စစ်ကောင်စီတပ်သားတစ်ယောက်လည်း ခေါင်းထဲမိုင်းစဝင်သွားပြီး ဒဏ်ရာပြင်းထန်တယ်လို့သိရတယ်” ဟု ရေတာရှည်(ပကဖ) တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ မိုင်းဖောက်ခွဲမှုကြောင့် စစ်ဆေးရေးဂိတ်ပျက်စီးခဲ့ပြီး သေဆုံးသူမှာ သာဂရမြို့မှ စစ်ကောင်စီ သတင်းပေးဟုကျော်ကြားသူ ပျူစောထီးဖြစ်ပြီး ဒဏ်ရာရရှိသူများကို မြို့သစ်၊ နှစ်ဆောင်ပြိုင်ရွာရှိ စစ်ဆေးရုံ မဆရ(၃) သို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ရေတာရှည်တွင် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့ကလည်း ဒိုးတန်း ကျေးရွာ ရာအိမ်မှူး ဖြစ်သူကိုလေးကို ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း အဆိုပါအဖွဲ့ထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ရေတာရှည် #သာဂရ #ရေတာရှည်ပကဖ #စစ်တောင်းမြစ်ကူးတံတား #စစ်ဆေးရေးဂိတ် #စစ်ကောင်စီတပ်သား #ပျူစောထီး #Ayeyarwaddy_Times