ဧရာဝတီတိုင်းမ်
ဇွန်လ ၁၅ ရက်
ကာတာလေတပ်ဖွဲ့ အသုံးပြုပြီးသား Mirage 2000-5 ဂျက်တိုက်လေယာဉ် ၁၂ စင်း ဝယ်ယူခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံက အတည်ပြုခဲ့ပြီး လေယာဉ်တွေဟာ အိုဟောင်းလွန်းတယ်ဆိုတဲ့ လွှတ်တော်အမတ်တွေရဲ့ ဝေ ဖန်မှုက လေတပ်ကို အဆင့်မြှင့်တင်တဲ့နည်းလမ်းတစ်ခုအဖြစ် ဒေါ်လာ သန်း ၈၀၀ နီးပါးတန်ကြေးရှိ သဘောတူ ညီချက်ကို ကာကွယ်လိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ဇန်နဝါရီလအတွင်း ချက် စစ်လက်နက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ CSG ရဲ့ လုပ်ငန်းခွဲတစ်ခု ဖြစ်တဲ့ Excalibur International နဲ့ ဒေါ်လာ ၇၉၂ သန်းတန်ကြေးရှိ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
သဘောတူညီချက်အရ ဂျက်တိုက်လေယာဉ်တွေကို ၂ နှစ်အတွင်း ပေးပို့မှာဖြစ်ပါတယ်။ ထိုင်ခံတစ်လုံး တပ် ဂျက်တိုက်လေယာဉ်ကိုးစင်း၊ ထိုင်ခုံနှစ်လုံးတပ် ဂျက်တိုက်လေယာဉ် ၃ စင်းပါဝင်တဲ့ သဘောတူညီချက်ကို အင်ဒိုနီးရှားမီဒီယာတွေက လွှတ်တော်အမတ်တွေကို ကိုးကားပြီး အစောဆုံး ဖော်ပြခဲ့တာဖြစ်ပါတယ်။
“အသုံးပြုပြီးသား ဂျက်တိုက်လေယာဉ်ဟောင်းတွေကို ဘာကြောင့် အရေးတကြီး ဝယ်ယူခဲ့တာလဲ” လို့ Kompas သတင်းစာက လွှတ်တော်အမတ် တူဘာဂတ်စ်ဟာဆန်နူဒင်ကို ကိုးကားပြီး ဖော်ပြပါတယ်။
လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Dassault Aviation ရဲ့ ဝဘ်ဆိုဒ်ဖော်ပြချက်အရ Mirage 2000-5 ဂျက် တိုက်လေယာဉ်မော်ဒယ်လ်ကို ၁၉၆၇ ခုနှစ်မှာ ပထမဆုံး ထုတ်လုပ်ခဲ့တာလို့ သိရပါတယ်။
အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနက Mirage 2000-5 ဂျက်တိုက်လေယာဉ်တွေရဲ့ သက်တမ်းကို မ ဖော်ပြပေမယ့် ပြုပြင်ထိန်းသိမ်းဖို့နဲ့ လေယာဉ်မှူးတွေ လေ့ကျင့်ပေးတာကို ၃ နှစ်အထိ လုပ်ဆောင်မယ်လို့ သိရပါ တယ်။
“အင်ဒိုနီးရှားလေတပ်မှာ တိုက်ခိုက်ရေးလေယာဉ်တွေ နည်းပါးလာမှုကို အမြန် ဖြည့်တင်းဖို့ အင်ဒိုနီးရှား က ဂျက်တိုက်လေယာဉ်တွေ လိုအပ်ပါတယ်” လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်ဒွင်အက်ဒ ရီယန်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အမေရိကန်လုပ် F-16 နဲ့ ရုရှားထုတ် Sukhoi-27၊ Su-30 ဂျက်တိုက်လေယာဉ်တွေ နဲ့ အိုဟောင်းနေတဲ့တိုက်လေယာဉ်တွေရဲ့နေရာ အစားထိုးဖို့ ကြိုးပမ်းနေပါတယ်။
၂၀၁၇ ခုနှစ်အတွင်း ရုရှားနိုင်ငံမှ Su-35 ဂျက်တိုက်လေယာဉ် ၁၁ စင်းကို ငွေသား၊ ကုန်စည်တွေနဲ့ ပေး ချေကာ ဝယ်ယူမယ့်အစီအစဉ်ကို အင်ဒိုနီးရှားနိုင်ငံက ကြေညာခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ဖေဖော်ဝါလအတွင်း ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံတန်ကြေးရှိ Rafale ဂျက်တိုက်လေ ယာဉ် ၄၂ စင်း ဝယ်ယူဖို့ သဘောတူခဲ့သလို F-15 ဂျက်တိုက်လေယာဉ်တွေဝယ်ယူဖို့ ဆွေးနွေးမှုတွေက အပြီးသတ် အဆင့် ရောက်ရှိနေပြီလို့ သိရပါတယ်။
ကိုးကား – CNA
Ref; Indonesia confirms buying used fighter jets for US$800 million after deal criticised