ဧရာဝတီတိုင်းမ်
ဇွန်လ ၁၅ ရက်

မကြာသေးမီက ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသို့ အင်ဒိုနီးရှားအစိုးရက လူ သားချင်းစာနာမှု အကူအညီ ပေးပို့မယ်လို့ လူသားဖွံ့ဖြိုးရေးနှင့် ယဉ်ကျေးမှုရေးရာ ညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီး မူဟတ်ဂျီအက်ဖန်ဒီက ပြောပါတယ်။

“၂၀၂၃ ခုနှစ် မေလအတွင်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံကို အစိုးရက လူသားချင်းစာနာ မှု အကူအညီ ပေးပို့မှာဖြစ်ပါတယ်” လို့ ဇွန်လ ၁၄ ရက်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ပေးပို့မယ့်အကူအညီတွေထဲမှာ စားနပ်ရိက္ခာ၊ အာဟာရအပြင် သောက်သုံးရေ၊ ကူး စက်ရောဂါ အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးသုံးပစ္စည်းတွေလည်း ပါဝင်မှာဖြစ်ပါ တယ်။

“မြန်မာနိုင်ငံကို အကူအညီပေးအပ်ဖို့ အစီအစဉ်တွေအပေါ် သမ္မတ ဂျိုကိုဝီရဲ့ လမ်းညွှန်ချက်တွေကြောင့် အကူအညီ ပေးအပ်တာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဇွန်လ ၂၆ ရက်မှာ မြန်မာနိုင်ငံသို့ပေးပို့မယ့် အဆိုပါအကူအညီဟာ ရူပီး ၇ ဘီလီယံတန်ကြေးရှိ ပစ္စည်းကိ ရိယာအကူအညီပုံစံ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အာဆီယံအဖွဲ့ဝင်ဖြစ်တာကြောင့် အခုအကူအညီဟာ မဟာဗျူဟာမြောက် အကူအ ညီဖြစ်တယ်လို့ သူက ပြောပါတယ်။

“အင်ဒိုနီးရှားနိုင်ငံဟာ လက်ရှိ အာဆီယံအဖွဲ့ရဲ့ဥက္ကဌဖြစ်တာကြောင့် အင်ဒိုနီးရှားနိုင်ငံရဲ့ရပ်တည်ချက်က အကူအညီပေးအပ်ရာမှာ မဟာဗျူဟာမြောက်ဖြစ်ပါတယ်” လို့ မူဟတ်ဂျီအက်ဖန်ဒီက ဆိုပါတယ်။

မေလ ၁၄ ရက်က ဆိုင်ကလုန်းမုန်တိုင်း မိုခါ ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့ရာ ပြည်သူ ၅ ဒသမ ၄ သန်း ဘေးသင့်ကာ လူ ၄၀၀ ကျော် သေဆုံးခဲ့တာကြောင့် အင်ဒိုနီးရှား အပါအဝင် နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု ခံခဲ့ရတဲ့ သဘာဝဘေးဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ကိုးကား – Antara News
Ref; Indonesia to send humanitarian aid to Myanmar: Minister

#Ayeyarwaddy_Times