ဧရာဝတီတိုင်းမ်
ဇွန်လ ၁၅ ရက်
ရုရှားစစ်တပ်ဟာ လိုအပ်တဲ့ စစ်လက်နက်တွေ ပြတ်လပ်နေပြီလို့ သမ္မတ ဗလာဒီမာပူတင်က ဇွန်လ ၁၃ ရက်မှာ ကရင်မလင်၌ စစ်ဘက်သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဝန်ခံခဲ့ပါတယ်။
ယူကရိန်း အထူးစစ်ဆင်ရေးကာလအတွင်း ရုရှားစစ်တပ်က စစ်လက်နက်တွေ မလုံလောက်မှု ဖြစ်လာခဲ့ တယ်လို့ ပူတင်က ပြောကြားခဲ့ပါတယ်။
ဆက်သွယ်ရေးကိရိယာတွေ၊ လေယာဉ်တွေ၊ ဒရုန်းတွေ၊ ခေတ်မီတင့်ဖျက်စနစ်တွေနဲ့ တင့်ကားတွေ လို အပ်တယ်လို့ ပူတင်က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင် အဓိကအမျိုးအစား လက်နက်ထုတ်လုပ်မှု ၂ ဒသမ ၇ ဆ တိုးမြှင့်ခဲ့ပြီ အခြားစစ်လက် နက်ထုတ်လုပ်မှုက ဆယ်ဆတိုးလာခဲ့တယ်လို့ သူက ပြောပါတယ်။
ရုရှားစစ်တပ်အတွက် စစ်လက်နက်ပြတ်လပ်မှုတွေကို ဖြေရှင်းဖို့ လက်နက်ထုတ်လုပ်မှု တိုးမြှင့်ဖို့ လိုအပ် တယ်လို့ ပူတင်က ထောက်ပြပါတယ်။
ယူကရိန်းနယ်စပ် ဘယ်လ်ဂိုရော့ဒေသအပေါ် ယူကရိန်းတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းတိုက် ခိုက်မှုတွေနဲ့ပတ်သက်လို့ မေးမြန်းရာမှာ နယ်စပ်ဒေသလုံခြုံရေး အရေးကြီးတယ်လို့ သူက ဆိုပါတယ်။
ရုရှားသို့ ဝင်ရောက်ခွင့်ကိုဟန့်တားမဲ့ ယူကရိန်းနိုင်ငံအတွင်း ကြားခံဇုန်တစ်ခု ဖန်တီးမယ်လို့ ပူတင်က အ ရိပ်အမြွက်ပြောကြားခဲ့ပြီး လက်ရှိမှာ လုပ်ဆောင်ဖို့ မစဉ်းစားသေးဘူးလို့ သူက ပြောပါတယ်။
အနောက်နိုင်ငံတွေက ယူကရိန်းကို ယူရေနီယမ်ပါဝင်တဲ့ အမြောက်ကျည်တွေ ထောက်ပံ့ဖို့ စီစဉ်နေတဲ့ သ တင်းတွေနဲ့ပတ်သက်လို့ ယူကရိန်းက အဆိုပါလက်နက်တွေ သုံးမယ်ဆိုရင် ရုရှားကလည်း သုံးပိုင်ခွင့်ရှိတယ်လို့ ပူတင်က သတိပေးပါတယ်။
ယူကရိန်းအရေးမှာ တိုက်ရိုက် ပါဝင်မှုနဲ့ နိုင်ငံတကာ လုံခြုံရေးအကျပ်အတည်းတွေ ဖြစ်စေမှုအတွက် ပူ တင်က အမေရိကန်နိုင်ငံကို ရှုတ်ချခဲ့ပါတယ်။
ကိုးကား – NHK
Ref; Putin admits Russian military is lacking weapons