ဧရာဝတီတိုင်းမ်
ဇွန်လ ၁၄ ရက်
စေ့စပ်ဆွေးနွေးရေးအတွေးအခေါ်ကိုပြတ်ပြတ်သားသားဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိတော်လှန်ဖို့ ဇွန်လ ၁၄ ရက်နေ့က သမဂ္ဂအဖွဲ့ လေးဖွဲ့က အိမ်တွင်းသပိတ်ပြုလုပ်ခဲ့ကြပါတယ်။
ဧရာဝတီလူငယ်များသမဂ္ဂ(AYU)၊ တိုးတက်သောလူငယ်များအစည်းအရုံး (ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ)၊ ပြည်သူ့ဝန်ထမ်းများသမဂ္ဂနှင့် Power of Education Students’ Union စသည့် အဖွဲ့အစည်းလေးခုမှ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
” စေ့စပ်ဆွေးနွေးရေးအတွေးအခေါ်ကိုပြတ်ပြတ်သားသားဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ ဆက်လက်တော်လှန်ကြဖို့ တိုက်တွန်းထားတာ”လို့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
” တပ်ပေါင်းစုကိုတည်ဆောက်၊ ဘုံရန်သူကိုဦးတည်တိုက် ” စသည့် ကြွေးကြော်သံ ၃ ချက်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး အိမ်တွင်းသပိတ်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ စစ်အာဏာရှင်ဆန့်ကျင်ရေး အိမ်တွင်းသပိတ်ကို သြဂုတ်လအထိ လတိုင်းပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ပေးပို့