နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇွန်လ ၁၄ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ ရွှေဘုန်းမြင့် ဘုရားသည် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က လှုပ်ခတ်သည့် ငလျင်ကြောင့် ဘုရားစိန်ဖူးတော်နှင့် ငှက်မျက်နားတော်တို့ ပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်ရန်အတွက် အလှုခံဌာနဖွင့်လှစ် ထားကြောင်း ဒေသခံများထံက သိရသည်။

ငလျင်ကြောင့် မအူပင်မြို့ အမှတ် (၃) ရပ်ကွက်ရှိ သမိုင်းဝင်စေတီတော် ရွှေဘုန်းမြင့်ဘုရား စိန်ဖူးတော် မြေခပျက်စီးခဲ့ရသည်ကို ဘုရားဂေါပကအဖွဲ့နှင့်အတူ မြို့မိမြိုဖများက ဦးဆောင်၍ အလှုခံမဏ္ဏပ်ဖွင့်ကာ ပြန်လည် ပြုပြင်ရန် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။

“ဘုရားကြီးစိန်ဖူတော်နဲ့ ငှက်မျက်နားမြေခရတဲ့အပြင် ဘုရားဘေးမှာရှိတဲ့ မိုးကုတ် ဝိပဿနာကျောင်းတိုက်က သီလရှင်ဆရာကြီးတွေရဲ့ ကျောင်းတိုက်က အဆောက်အဦး တွေပါပြိုကျ ပျက်စီးခဲ့တာ။ အခုတော့ ရွှေဘုန်းမြင့်ဘုရားကြီးရဲ့ စိန်ဖူးတော်နဲ့ ငလျင်ကြောင့် ပျက်စီး ချို့ယွင်းသွားတဲ့ အရာတွေကို အမြန်ဆုံးပြုပြင် မွမ်းမံ နိုင်အောင် လုပ်ဆောင်နေတယ်” ဟု ဘုရားဂေါပကအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မအူပင်မြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးပြိုကျကာ သီလရှင်ဆရာလေးတစ်ပါးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ရသည်။ ထို့ပြင် ရွှေဘုန်းမြင့်ဘုရား၊ စိမ်းမြကန်သာဘုရား၊ မြို့လယ်ဘုရားကြီးရှိ အဆောက်အဦးနှင့် တက္ကသိုလ် ကျောင်းဆောင် အချို့ ပျက်စီးခဲ့ရသည်။

#မအူပင်မြို့ #ငလျင် # ရွှေဘုန်းမြင့်ဘုရား #စိန်ဖူးတော် #ပျက်စီး #ပြန်လည်ပြုပြင် #Ayeyarwaddy_Times