ဧရာဝတီတိုင်းမ်
ဇွန်လ ၁၄ ရက်

ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်အချို့ကို ဇွန်လဆန်းပိုင်းကစတင်ကာ ပိတ်သိမ်းတာတွေပြုလုပ်ပြီး ကင်းလှည့်တာနဲ့ ကင်းပုန်းဝတ်တာတွေမှာ အင်အားပိုမိုအသုံးပြုလုပ်လာတယ်လို့ စစ်ကောင်စီတပ်အသိုင်းဝိုင်းက သိရပါတယ်။

တိုင်းအတွင်းက အထိုင်တပ်အချို့ကို ရှေ့တန်းပို့လိုက်ရတာနဲ့ အထိုင်တပ်အင်အားအားနဲ့ တိုင်းအတွင်းက မြို့နယ်တွေကို လှည့်လည်ထိန်းသိမ်းဖို့ အင်အားလိုအပ်ချက်တွေကြောင့် ခုလိုမျိုး ဖြုတ်လိုက်တာမျိုး ဖြစ်နိုင်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ အဓိက ရှေ့တန်းလွှတ်လိုက်ရတဲ့ အင်အားရှိတယ်၊ ပြီးတော့ တိုင်းအတွင်းမှာ ကျန်တဲ့အင်အားနဲ့ လုံခြုံရေး လှည့်ယူနေရတာ မလုံလောက်တော့တာတွေရှိတယ်၊ တချို့နေရာတွေကတော့ မလိုအပ်တော့လို့ ဖြုတ်လိုက်တာလည်း ပါတယ်”လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်က မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တချို့နဲ့ မြို့တွင်လူစည်ကားတဲ့နေရာတွေက ဂိတ် တချို့ကို ပိတ််သိမ်းလိုက်ပေမယ့် မြို့အတွင်း လှည့်ကင်းပတ်တဲ့နေရာတွေမှာ အင်အားထုတ်သုံး လာနိုင်တယ်လို့ ဆိုပါတယ်။

ခုလိုမျိုး စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်တွေပိတ်သိမ်းလိုက်တာဟာ အင်အားလိုအပ်ချက်ရှိလို့ ပိတ်သိမ်းတာဖြစ်နိုင်သလို PDF တပ်တွေဝင်တွေက အထိုင်ချစစ်ဆေးရေးလုပ်နေတဲ့ ဂိတ်တွေကို လာတိုက်တာမျိုးတွေဖြစ်လာနိုင်တာကြောင့် ရုပ်သိမ်းလိုက်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင် ဟောင်းတွေက သုံးသပ်ပြောဆိုပါတယ်။

ဓာတ်ပုံ – လူမှုကွန်ရက်

#ဧရာဝတီ #စစ်ကောင်စီ #စစ်ဆေးရေးဂိတ် #ပိတ်သိမ်းပြီး ကင်းလှည့်မှုများ #ပိုမိုပြုလုပ်လာ
#Ayeyarwaddy_Times