ဧရာဝတီတိုင်းမ်
ဇွန်လ ၁၄ ရက်
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ မနေ့က ဖလော်ရီဒါပြည်နယ် မီယာမီမြို့က ဖက်ဒရယ်တ ရားရုံးမှာ နိုင်ငံတော် လျှို့ဝှက်စာရွက်စာတမ်းတွေ သိမ်းဆည်းထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် တရားရင် ဆိုင်ရာမှာ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ရာဇဝတ်မှုတွေနဲ့ ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုခံရတဲ့ ပထမဆုံးသော အမေရိ ကန်သမ္မတ ဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့် တရားရုံးကို လာရောက်ဖို့အတွက် တရားရုံးအနီးတဝိုက် လုံခြုံရေးတွေ ထူထပ်စွာ ချထား သလို သူ့ကိုထောက်ခံသူအများအပြားဟာလည်း တရားရုံးအပြင်ဘက်မှာ စုဝေးခဲ့ကြပါတယ်။
တရားရုံးကို လာရောက်တရားရင်ဆိုင်မယ့်နေ့မှာ သူ့ကိုထောက်ခံသူတွေ လာရောက်စုဝေးကြဖို့ ဒေါ်နယ် ထရမ့်က လှုံဆော်ပြောခဲ့တာတာကြောင့် အာဏာပိုင်တွေက လူစုလူဝေးနဲ့ အကြမ်းဖက်မှုတွေဖြစ်လာမှာကို စိုးရိမ် ခဲ့ပါတယ်။
လာမယ့်နှစ် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကင်ပါတီကို ကိုယ်စားပြုဝင်ပြိုင်ဖို့ ထိပ်ဆုံးကပြေးနေတဲ့ ဒေါ်နယ်ထရမ့် နျူကလီးယားနဲ့ စစ်မြေပြင်ဗျူဟာတွေအကြောင်း အပါအဝင် နိုင်ငံတော်လျှို့ဝှက်ချက် အများအ ပြားကို သိမ်းဆည်းထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။
အမေရိကန်ဥပဒေအရ သမ္မတတစ်ဉီးဟာ သက်တမ်းပြီးဆုံးချိန်မှာ သမ္မတရဲ့မှတ်တမ်းမှတ်ရာတွေအား လုံးကို အမျိုးသားမော်ကွန်းတိုက်ဌာနသို့ လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။
တရားရုံးစစ်ဆေးမှု စတင်မယ့်ရက်က မသေချာသေးပါဘူး။ တရားရင်ဆိုင်မှုက လနဲ့ချီ ကြာမြင့်နိုင်ပြီး ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲပြီးချိန်အထိ ရွှေ့ဆိုင်းနိုင်မယ်လို့ ကျွမ်းကျင်သူအချို့က ထင်မြင်ယူဆပါတယ်။
ကိုးကား – VOA
Ref; Trump Pleads Not Guilty to Federal Charges