ဧရာဝတီတိုင်းမ်
ဇွန်လ ၁၄ ရက်

မဲမပေးသူကို အနာဂတ် ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခွင့်ပိတ်ပင်ဖို့ အစိုးရ က ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်မယ်လို့ ကမ္ဘောဒီးယား သက်တော်ရှည်အာဏာရှင် ဝန်ကြီးချုပ် ဟွန်ဆမ်က ပြောကြားလိုက်ပါတယ်။

နိုင်ငံ့တာဝန်ထမ်းဆောင်မဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ပြည်သူ့တာဝန်သိမှုပြသဖို့ လိုအပ်တာကြောင့် ရွေးကောက်ပွဲဥပဒေပြင်ဆင်ဖို့ လိုအပ်ပြီး ဇူလိုင်လ ၂၃ ရက်မှာပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ဥပ ဒေပြင်ဆင်ချက်ကို လွှတ်တော်အမတ်တွေက အတည်ပြုဖို့ အသင့်ဖြစ်နေပြီလို့ သူက ဆိုပါတယ်။

စွဲချက်အမျိုးမျိုးနဲ့ ထောင်ချခံရမှုကိုရှောင်ရှားဖို့ အဓိက အတိုက်အခံအများစုက ပြည်ပမှာနေထိုင်ကြပြီး ပြင်ဆင်မယ့် ရွေးကောက်ပွဲဥပဒေကို အတိုက်အခံတွေကို ရွေးကောက်ပွဲမှာ မပါဝင်နိုင်အောင်လုပ်ဆောင်တာလို့ ပြောဆိုကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံတွင်းမှာ နေထိုင်ဆဲ အတိုက်အခံ နိုင်ငံရေးသမားတွေဟာလည်း ရွေးကောက်ပွဲမှာ မဲ မထည့်ပါက အလားတူ အရေးယူမှုမျိုး ကြုံတွေ့ရဖွယ်ရှိပါတယ်။

ရွေးကောက်ပွဲမှာယှဉ်ပြိုင်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်း မတင်ပြနိုင်လို့ဆိုကာ အဓိက အတိုက်အခံပါတီကို လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်ပိတ်ပင်ပြီး တစ်လအကြာ ဖနောင်ပင်မြို့တော် ဆင်ခြေဖုံးရှိ အထည်ချုပ် စက်ရုံလုပ်သားတွေကိုပြောတဲ့ မိန့်ခွန်းတစ်ခုမှာ ဟွန်ဆမ်က အခုလို ထည့်သွင်းပြောခဲ့တာပါ။

အဓိကအတိုက်အခံ CLP ကို ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်တာနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ် မိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး နိုင်ငံသားတွေ တရားမျှတသော ပါတီစုံ ဒီမိုက ရေစီရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုဖို့ ကမ္ဘောဒီးယားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အတိုက်အခံတွေကို ဖိနှိပ်တဲ့ ဟွန်ဆန်ရဲ့လုပ်ရပ်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာ ရက်စ်က အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။

အသက် ၇၀ နှစ်အရွယ် ဒီမိုကရေစီအမည်ခံ ကမ္ဘောဒီးယားနိုင်ငံက အာဏာရှင်တစ်ဉီးဖြစ်သူ ဟွန်ဆမ် ဟာ အာဏာရယူထားတာ ၃၈ နှစ်ရှိပါပြီ။ အမတ်နေရာ ၁၂၅ နေရာရှိတဲ့ အမျိုးသားလွှတ်တော်အတွက် မဲထည့်ဖို့ ကမ္ဘောဒီးယားပြည်သူ ၉ ဒသမ ၇ သန်းက မှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲဥပဒေပြင်ဆင်တာဟာ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ပြည်သူတွေကို မေတ္တာရပ်ခံနေ တဲ့ နိုင်ငံရေး အတိုက်အခံတွေရဲ့ နောက်ကျောကို ဓားနဲ့ထိုးသလို ခံစားရတယ်လို့ ဟွန်ဆမ်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ မဲမထည့်လိုတဲ့ ပြည်သူတွေအနေနဲ့ မဲပေးပိုင်ခွင့် ရှိနေဆဲဖြစ်ပေမယ့် ကိုယ်စားလှယ် လောင်းဖြစ်ခွင့်သာ ဆုံးရှုံးမယ်လို့ သူက ဆိုပါတယ်။

ကိုးကား – The Peninsula
Ref; Cambodians who don’t vote will be barred from being candidates in future elections: PM Hun Sen

#Ayeyarwaddy_Times