ဧရာဝတီတိုင်းမ်
ဇွန်လ ၁၄ ရက်

ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ဘေးသင့်ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခွင့်ပြုဖို့ အာ ဏာသိမ်းစစ်ကောင်စီကို ကုလသမဂ္ဂက တိုက်တွန်းခဲ့ပြီး အာဏာပိုင်တွေဟာ အသက်ကယ်အကူအညီတွေ တုံ့ ဆိုင်းရပ်တန့်အောင်လုပ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

“ဒီဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားဖို့နဲ့ အကူအညီဖြန့်ဖြူးခွင့်နဲ့ သယ်ယူပို့ဆောင်ရေး အစီအစဉ်တွေအ တွက် ကနဉီးခွင့်ပြုချက်ကို ပြန်လည်ပေးအပ်ဖို့ ကျွန်တော်တို့ စစ်ကောင်စီကို တိုက်တွန်းပါတယ်” လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး ပြောရေးဆိုခွင့်ရှိသူ ဂျန်းလာကဲက ဂျီနီဗာမြို့တော်မှာပြုလုပ် တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး တစ်လအကြာမှာ စစ်ကောင်စီက လူသားချင်းစာ နာမှု အကူအညီပေးအပ်ခွင့် ဆိုင်းငံ့ခဲ့တာပါ။

စစ်ကောင်စီရဲ့ဆုံးဖြတ်ချက်ဟာ ဘေးသင့်ပြည်သူတွေထံ စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ အခြားထောက် ပံ့ရေးပစ္စည်းတွေ ဖြန့်ဖြူးမှုကို တုံ့ဆိုင်းစေယုံသာမက ရခိုင်ပြည်နယ်က အကူအညီလိုအပ်နေတဲ့ ဘေးသင့်ပြည်သူ တစ်သန်းကျော်အတွက် အဟန့်အတားတစ်ခုဖြစ်စေတယ်လို့ သူက ဆိုပါတယ်။

“မေလ ၁၄ ရက်က ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် စစ်ကောင်စီရဲ့ ခရီးသွားလာခွင့်ကန့်သတ် ချက်တွေကြောင့် အကူအညီတွေဟာ ဘေးသင့်ပြည်သူတွေထံ အကန့်အသတ်နဲ့သာ ရောက်ရှိနေပါတယ်” လို့ သူ က ပြောပါတယ်။

မုန်တိုင်းသင့်ပြည်သူ ၁၁၀၀၀၀ နီးပါးဟာ နေစရာနဲ့ အကူအညီပစ္စည်းတွေ ရရှိခဲ့ပြီး စားနပ်ရိက္ခာအကူအ ညီဟာ ရခိုင်ပြည်နယ်တစ်ခုတည်းရှိ ပြည်သူ ၃၀၀၀၀၀ နီးပါးထံ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ချင်းပြည်နယ်ရှိ မုန်တိုင်းသင့်ပြည်သူတွေထံ အကူအညီဖြန့်ဖြူးခွင့်နဲ့ သွား လာခွင့်ကိုလည်း ပိတ်ပင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

မုန်တိုင်းသင့်ပြည်သူတွေထံ အကူအညီပေးအပ်ခွင့်မရတာကြောင့် စားနပ်ရိက္ခာမဖူလုံမှုနဲ့ ရေကြောင့်ဖြစ် ပွားတဲ့ရောဂါတွေ ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး ရာမာနာသန်ဘလာခရစ်ရှနန်က သတိ ပေးခဲ့ပါတယ်။

ကိုးကား – Anadolu
Ref; UN urges authorities in Myanmar to restore humanitarian access to cyclone-hit communities

#Ayeyarwaddy_Times