ဧရာ၀တီတိုင်းမ်
ဇွန်လ ၁၃ ရက်
မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုနှင့် ကိုဗစ်ကပ်ဘေးရောဂါကြောင့် ကလေးအလုပ်သမား ၁ သန်းကျော် ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ – ILO အဖွဲ့က ဇွန်လ ၁၂ ရက်နေတွင် ထုတ်ဖော်ပြောဆိုသည်။
ILO အဖွဲ့က မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ၁ သန်းကျော်ရှိနေသည့်အတွက် ကလေးအလုပ်သမား ပပျောက်ရေးကို အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်နေကြောင်း ဇွန်လ ၁၂ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကလေး အလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံက ကလေးအလုပ်သမားများအဖြစ်ခိုင်းစေခံနေရသူများမှာ အသက် ၅ နှစ်ကနေ ၁၇ နှစ်အရွယ် ကလေးသူငယ်များဖြစ်ပြီး ၎င်းတို့အနက် ထက်ဝက်ကျော်မှာ လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်သည့် ဘေးအန္တရာယ်ရှိသောလုပ်ငန်းခွင်များ၌ အလုပ်လုပ်ကိုင်နေရကြောင်း ILO – Myanmar အဖွဲ့က ပြောဆိုသည်။
မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအကြပ်အတည်းများကြောင့် မိသားစုများမှာ ကလေးအလုပ်သမားများအပေါ် အားကိုးအားထားပြုနေရပြီး ကလေးငယ်များကို ပိုမိုကာကွယ် ပေးကြရန်နှင့် လူမှုတရားမျှတမှုကို ပိုမိုမြှင့်တင်ပေးကြရန် ILO – Myanmar အဖွဲ့က ထုတ်ပြန်ချက်တွင် တိုက်တွန်းပြောဆိုထားသည်။
ပုံစာ – အလုပ်ကြမ်းလုပ်ငန်းခွင်တစ်ခု၌မြင်တွေ့ရသည့် ကလေးငယ်တစ်ဦး (ဓာတ်ပုံ – NPR)
#ChildLabour #မြန်မာ #ကလေးလုပ်သား #ILO #Ayeyarwaddy_Times