ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်

ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ကြားကာလဗဟိုဘဏ်အထူးကြံပေး ပုဂ္ဂိုလ်အဖြစ်ခန့်အပ် လိုက်ကြောင်း ယနေ့ ဇွန် ၁၃ ရက်နေ့တွင် NUG က ထုတ်ပြန်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး Mr.Sean Turnell ကို အမျိုးသားညီညွတ်ရေးအစိုးရအာဏာတည်သော အမိန့် (၁/ ၂၀၂၃) အရ အပ်နှင်းထားသောအခွင့်အာဏာဖြင့် ခန့်အပ်တာဝန်ပေးခြင်းဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်ကို နိုင်ငံတော်လျှို့ဝှက်ချက်အက် ဥပဒေ၊ လူဝင်မှုဥပဒေချိုးဖောက်မှု စွပ်စွဲချက်ဖြင့် ထောင်ဒဏ် ၃ နှစ်ကို မတရား ချမှတ်ခဲ့ကာ အင်းစိန်ထောင်တွင် ထောင်ဒဏ် ၂ နှစ်နီးပါး ကျခံရပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူဖြစ်သည်။

စစ်တပ်သည် အာဏာသိမ်းသည့်နေ့မှာပင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့် အပါအဝင် NLD အစိုးရအဖွဲ့ဝင် များနှင့်အတူ မစ္စတာရှောင်တာနယ်ကို ဖမ်းဆီးထောင်ချ ခဲ့ခြင်းဖြစ်သည်။

ပုံစာ- မစ္စတာရှောင်တာနယ်အားဒေါ်အောင်ဆန်းစုကြည်နှင့်အတူတွေ့ရစဉ်

#ဒေါ်အောင်ဆန်းစုကြည် #မစ္စတာရှောင်တာနယ် #NUG #ဗဟိုဘဏ်၏အထူးအကြံပေးပုဂ္ဂိုလ် #ခန့်အပ် #Ayeyarwaddy_Times