ဧရာဝတီတိုင်းမ်
ဇွန်လ ၁၃ ရက်
ဧရာ၀တီတိုင်း ကျောင်းကုန်းမြို့နယ်မှာ ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းက ခရီးသည်တင်ကားက ဆိုင်ကယ်ကို ၀င်တိုက်ပြီး ဆိုင်ကယ်ပေါ်က အမျိုးသမီးတစ်ဦးသေဆုံးသွားတယ်လို့သိရပါတယ်။
တခွန်တိုင်အုပ်စု၊ အနောက်ကျေးရွာအနီး ကားလမ်းပေါ်မှာ ပုသိမ်ကနေရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ခရီးသည်တင်ယာဥ်ဟာ ဘီးချော်ပြီး ရပ်ထားတဲ့ဆိုင်ကယ်ကို၀င်တိုက်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
“မိုးရွာတော့လမ်းတွေချောနေတာ ရန်ကုန်ပုသိမ်လမ်းကလဲ ကျဥ်းတယ်၊ ဘီးချော်ပြီးစလစ်ဖြစ်သွားတာ”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောပါတယ်။
မော်တော်ယာဥ်ကလမ်းဘေးကို ထိုးဆင်းပြီး ရပ်ထားတဲ့ ဆိုင်ကယ်ကို တိုက်မိတာဖြစ်ပြီး ဆိုင်ကယ်ပေါ်ရှိနေတဲ့အသက်၂၀ အရွယ် အမျိုးသမီးတစ်ဦး ပွဲခြင်းပြီးသေဆုံးသွားတယ်လို့ ဆိုပါတယ်။
အဆိုပါယာဥ်တိုက်မှုနဲ့ပတ်သက်ပြီး ခရီးသည်တင်ယာဥ်မောင်းနှင်သူ ယာဥ်မောင်း ဦးအောင်ထွန်းဝင်းကို ကျောင်းကုန်းမြို့မရဲစခန်းက (ပ)၁၀/၂၀၂၃ ပုဒ်မ ၃၀၄(က) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံကနေသိရပါတယ်။
#ကျောင်ကုန်း #ခရီးသည်တင်ကား #ဆိုင်ကယ်ကို၀င်တိုက် #အမျိုးသမီးတစ်ဦးသေဆုံး #Ayeyarwaddy_Times