ဧရာဝတီတိုင်းမ်
ဇွန်လ ၁၃ ရက်
ဇွန်လ ၁၁ ရက်က ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မဲရုံ ၄၇ ရုံမှာ မဲရေတွက်မှုတွေ ပြန်လည်ပြုလုပ်ခဲ့ပေမယ့် ကနဉီးရ လဒ်တွေအရ မေလ ၁၅ ရက် ရွေးကောက်ပွဲရလဒ်ကို အပြောင်းအလဲမဖြစ်စေဘူးလို့ သိရပါတယ်။
ရွေးကောက်ပွဲမှာ စုစုပေါင်း မဲထည့်တဲအရေအတွက်နဲ့ မဲပေးသူအရေအတွက်ကြား ကွာဟချက်တစ်ခု တွေ့ရှိခဲ့တာကြောင့် ထိုင်း ရွေးကောက်ပွဲကော်မရှင်က မဲပြန်ရေတွက်ဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
မဲကွာဟချက်တွေ တွေ့ရှိခဲ့တယ်ဆိုတဲ့ မဲရုံ ၄၇ ရုံအနက် မဲရုံ ၆ ရုံက ဗန်ကောက်မြို့တော်က ဖြစ်ပါတယ်။ ဗန်ကောက်မြို့ရှိ မဲရုံ ၆ ခုဟာ ဘယ်လို လိမ်လည်မှုမျှမဖြစ်ရအောင် စောင့်ကြည့်ဖို့ မဲရုံကော်မတီတွေ၊ မီဒီယာတွေ၊ စောင့်ကြည့်သူတွေရှေ့မှောက်မှာ မဲရေတွက်မှု စတင်ခဲ့တယ်လို့ သိရပါတယ်။
ဗန်ကောက်မြို့ရှိ အမှတ် ၅ မဲရုံမှာ ယခင်က မရေတွက်ခဲ့တဲ့ မဲစာရွက်တွေကို ပြန်လည်တွေ့ရှိခဲ့တာ ကြောင့် ရွေးကောက်ပွဲရလဒ်အတိုင်း မဲအရေအတွက်အားလုံးကို ရေတွက်ပြီးစေခဲ့ပါတယ်။
United Thai Nation ပါတီနဲ့ Move Forward ပါတီတွေကို မဲထည့်ခဲ့တဲ့ ပျောက်ဆုံးနေတဲ့ မဲစာရွက်တွေ ကြောင့် ရွေးကောက်ပွဲရလဒ်ကို မထိခိုက်စေခဲ့ပါဘူး။
ဗန်ကောက်မြို့တော်ရှိ အမှတ် ၁ ခရိုင် တတိယမြောက်မဲရုံက ပျောက်ဆုံးနေတဲ့ ဆန္ဒမဲ ၃၇ ခုကို ပြန်လည် ရေတွက်ချိန်မှာ တွေ့ရှိခဲ့ပါတယ်။
ပထမအကြိမ် မဲရေတွက်ရာမှာ အမှားအယွင်းဖြစ်ခဲ့တာဟာ မဲရုံကော်မတီဝင်တွေက မဲရေတွက်ချိန်အ တွင်း ထပ်ကာထပ်ကာ မဲရေတွက်တာကြောင့်လို့ ခရိုင်အရာရှိတစ်ဉီးက ပြောပါတယ်။
မဲရေတွက်ရာမှာ ကျန်ခဲ့တယ်ဆိုတဲ့ ထပ်တိုးမဲအရေအတွက် ၃၇ မဲက ရွေးကောက်ပွဲ ယခင်ရလဒ်ကို အပြောင်းအလဲမဖြစ်စေဘူးလို့ သူက ဆိုပါတယ်။
အခြားပြည်နယ်တွေရှိ မဲရုံ ၄၁ ရုံမှာ မဲပြန်ရေတွက်မှု စတင်ခဲ့ပြီး နောက်ဆုံးရလဒ်ကို ဒီလအတွင်း ထုတ် ပြန်နိုင်မယ်လို့ မျှော်မှန်းရပါတယ်။
ကိုးကား – Vietnam Plus
Ref; Thailand: vote recounts bring no change to election results