နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇွန်လ ၁၃ ရက်
စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီးကျေးရွာ ရဲစခန်းတွင် တပ်စွဲ ထားသည့် စစ်ကောင်စီတပ်ကို ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက် ပြီးနောက် စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးကျေးရွာအုပ်စု တစ်ခုလုံးကို အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများ ထံကသိရသည်။
ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ၏ မုံရွာမြို့ အနောက် မြောက်တိုင်းစစ်ဌာနချုပ် – နမခ မှ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခြင်း၊ လေယာဥ် သုံးစီးဖြင့် လာရောက်ပစ်ခတ်ခြင်း ပြုလုပ်သည့်အပြင် ညောင်ပင်ကြီး ထန်းတောကျေးရွာများကိုပါ ယနေ့ ဇွန်လ ၁၂ ရက်နေ့အထိ မီးရှို့ဖျက်ဆီးမှုများ အကြိမ်ကြိမ် ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
“စစ်ကောင်စီက ဒေသခံတွေရဲ့ နေအိမ်တွေကို လေယာဥ်တွေနဲ့ကော အဝေးက လက်နက်ကြီးတွေနဲ့ ပါပစ်ခတ်ပြီး မီးစတင်ရှို့နေတာ။ ဒီမနက်မှာလည်း ထပ်ရှို့နေတယ်” ဟု စစ်ဘေးရှောင်များကိုကူညီပေးနေတဲ့သည့် အသက် (၃၅) နှစ်အရွယ် အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ညောင်ပင်ကြီးကျေးရွာအုပ်စုတွင် စစ်ကောင်စီ တပ်၏ မီရှို့ဖျက်ဆီးမှုကြောင့် ဇွန်လ ၁၁ ရက်နေ့အထိစာရင်များအရ အိမ်ခြေ ၂၀၀ ကျော်မီးလောင် ပြာကျခဲ့ပြီး ယနေ့ဇွန်လ ၁၂ ရက်နေ့တွင်လည်း နံနက် ၉ နာရီခန့်မှစတင်၍ ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ လူနေအိမ်များကို ထပ်မံ၍ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံက သိရသည်။
ညောင်ပင်ကြီးကျေးရွာ ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က တော်လှန်ရေး တပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦး သေဆုံးပြီး လက်နက်မျိုးစုံ ခုနစ် လက် သိမ်းပိုက်ရရှိခဲ့သည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ-မီးရှို့ခံထားရသည့် ညောင်ပင်ကြီးကျေးရွာအုပ်စု
#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့ #ညောင်ပင်ကြီးကျေးရွာအုပ်စု #စစ်ကောင်စီတပ် #အကြိမ်ကြိမ်မီးရှို့ # #Ayeyarwaddy_Times