ဧရာဝတီတိုင်းမ်
ဇွန်လ ၁၂ ရက်

ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်အတွင်းမှာ စစ်ကောင်စီက ဇွန်လဆန်းပိုင်းကစတင်ပြီး လူငယ်တစ်ချို့ကို PDF လို့စွပ်စွဲဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

မြို့ပေါ်တွေနဲ့ ကျေးရွာတွေကို ဧည့်စာရင်းစစ်ဆေးတာတွေ ပြုလုပ်ပြီး လူငယ်အမျိုးသားတွေကို အများဆုံးစွပ်စွဲဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ရွာဘက်တွေမှာ အလုပ်လုပ်ပြီးပြန်လာတဲ့ ကလေးတွေကို အဓိကထားဖမ်းတာ။ ရိုက်နှက်စစ်တာတွေလဲလုပ်တယ်၊ စိတ်ထင်တိုင်းလျှောက်လုပ်နေတာ”လို့ ဒေသခံတစ်ဦးကဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

ညောင်တုန်းမြို့နယ်က တာဝကျေးရွာ၊ ကျောင်းကြီးစုကျေးရွာ၊ သဲကုန်းကျေးရွာတွေမှာ အဓိကထားဖမ်းဆီးနေတာဖြစ်ပြီး ဇွန်လ၁၁ရက်နေ့အထိ လူငယ်အမျိုးသား ၁၀ဦးကျော်ကို စစ်ကောင်စီကဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ညောင်တုန်းမြို့ပေါ်မှာလဲ PDF ကိုကူညီပေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စွတ်စွဲဖမ်းဆီးထားတာတွေ နေအိမ်နဲ့ ​ဈေးဆိုင်၊ ငါးကန်တွေကို ချိတ်ပိတ်သိမ်းဆည်းနေတာ​တွေပြုလုပ်နေပြီး ဇွန်လအတွင်းမှာပိုမို များပြားလာတယ်လို့ဒေသခံတွေကပြောပါတယ်။

#ညောင်တုန်း #စစ်ကောင်စီ #လူငယ်တစ်ချို့ကို
PDF လို့စွပ်စွဲပြီး လိုက်လံဖမ်းဆီးနေ
#Ayeyarwaddy_Times