ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၅ ရက်

ရှမ်း – ကယား(ကရင်နီ) ဒေသအစပ် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာသို့ နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်က ​​ဒေသခံများ၏ နေအိမ်ဆိုင်ခန်းများ ​ဖောက်ထွင်းဖျက်ဆီးခဲ့ပြီး စာခြောက်ရုပ်များကို စစ်သားပုံပြုလုပ်ကာ ကင်းချထားသည်ကို တွေ့ရကြောင်း ဖယ်ခုံ တပ်ရင်း (၂)က ယနေ့ဇူလိုင်လ ၁၅ ရက် ထုတ်ပြန်ကြေညာသည်။

“စစ်ကောင်စီတပ်က နန်းပေါ်လုံ၊လွယ်ပေါနှင့်လွယ်မကူးတောင်ပေါ်တို့တွင် လက်ရှိအချိန်ထိတပ်စွဲထားသော်လည်း စာခြောက်ရုပ်စစ်သားများကိုကင်းချထား သည်ဟု ဖယ်ခုံ PDF တပ်ရင်း ၂ က ပြောသည်။

ထို့ပြင် လွယ်ပေါစျေး ဆိုင်ခန်းများကို စစ်ကောင်စီတပ်များက ခိုးယူဖောက်ထွင်းပြီး မီးရှို့ဖျက်ဆီးထားသည်ကို တွေ့ရသည်ဟု ဖယ်ခုံ PDF တပ်ရင်း ၂ က ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။

ဓာတ်ပုံ – ဖယ်ခုံ PDF တပ်ရင်း ၂