ဧရာဝတီတိုင်းမ်
ဇွန်လ ၁၂ ရက်
အနောက်နိုင်ငံတွေက ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်တွေကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ရုရှားစစ် တပ်က တိုင်းပြည်အရှေ့ပိုင်းမှာ တန်ပြန်ထိုးစစ်ဆင်မှုအတွင်း နယ်မြေတွေကို ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ယူက ရိန်းတပ်ဖွဲ့က ပြောပါတယ်။
အရှေိ့ပိုင်း ဒွန်းနက်စ်ဒေသမှာ နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ဇွန် လ ၁၁ ရက်မှာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အမြောက်ကျည်ကြောင့် ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့တဲ့ အဆောက်အအုံတစ်လုံးရဲ့ထိပ်မှာ စစ်သားတွေက ယူကရိန်းအလံ လွှင့်ထူနေတဲ့ ရုပ်သံဖိုင်ကို ယူကရိန်းစစ်တပ်က လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။
တန်ပြန်ထိုးစစ်ဆင်မှုအတွင်း ပထမဆုံး အောင်မြင်မှု ရယူနိုင်ခဲ့တယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ် ဉီးကို ကိုးကားပြီး ယူကရိန်းမီဒီယာတစ်ခုက ဖော်ပြပါတယ်။
ရုရှားတပ်ဖွဲ့တွေက ဒွန်းနက်စ်၊ ဇာပိုရီဇီယာနဲ့ အခြားဒေသတွေမှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေက ဂျာမနီနိုင်ငံထုတ် Leopard တင့်ကားသုံးစင်း၊ အခြားသံချပ်ကာယာဉ်တွေ အပါအဝင် တင့်ကား ၁၁ စင်းကို ဖျက်ဆီးခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တောင်ပိုင်း ခါဆင်ဒေသရှိ ခါကော့ဗာဆည် ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ခြောက်ဉီး သေဆုံးပြီး ၃၅ ဉီး ပျောက်ဆုံးနေတယ်လို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဆည်ကျိုးပေါက်တာ ရုရှားတို့ရဲ့လက်ချက်လို့ ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီး ဟန်နာမာလီယာက ပြစ်တင်လိုက်ပါတယ်။
ဆည်ကျိုးအောင်လုပ်ရတဲ့ အဓိကရည်ရွယ်ချက်က တန်ပြန်ထိုးစစ်ကို ပိတ်ဆို့ဖို့နဲ့ လိုအပ်တဲ့တပ်ဖွဲ့တွေ ဘေးကင်းစေဖို့ဖြစ်တယ်လို့ သူမက လူမှုကွန်ရက်မှာ ပြောပါတယ်။
ကိုးကား – NHK
Ref; Ukrainian forces take back settlements as they ramp up counteroffensive