ဧရာဝတီတိုင်းမ်
ဇွန်လ ၁၁ ရက်

ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒေါဟာ မနေ့က ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိယက်ဗ်မြို့သို့ မကြေညာ ဘဲ ရုတ်တရက်သွားရောက်ခဲ့ကာ စစ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီ ထပ်မံပေးအပ်မယ်လို့ ကတိပြုလိုက်ပါ တယ်။

ရုရှားကျူးကျော်စစ် မပြီးဆုံးသရွေ့ ကနေဒါက ယူကရိန်းနိုင်ငံနဲ့အတူ ရပ်တည်မယ်လို့ ဂျပ်စတင်ထရူဒေါ က ပြောကြားခဲ့ပြီး အမေရိကန်ဒါ်လာ ၃၇၅ သန်းတန်ကြေးရှိ စစ်ရေးအကူအညီသစ် ပေးမယ်လို့ ကတိပြုလိုက်ပါ တယ်။

ငွေကြေးအကူအညီနဲ့အတူ ကနေဒါနိုင်ငံက ယူကရိန်းတပ်ဖွဲ့တွေအတွက် ခေတ်မီ ပဲ့ထိန်းဒုံးကျည်တွေ ထောက်ပံ့မယ်လို့ သူက ဆိုပါတယ်။

ဆည်ကျိုးသွားမှုကြောင့် ရေဘေးသင့်ခဲ့တဲ့ပြည်သူတွေအတွက် ဒေါ်လာ ၇ ဒသမ ၅ သန်းခန့်တန်ကြေးရှိ လူသားချင်းစာနာမှုအကူအညီ ပေးအပ်မယ်လို့လည်း သူက ကြေညာခဲ့ပါတယ်။ ဆည်ကျိုးခြင်းမှာ ရုရှားကျူး ကျော်စစ်ရဲ့ တိုက်ရိုက် အကျိုးဆက်တစ်ခုလို့ သူက ဆိုပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်း ၂၀ ခန့် ပံ့ပိုးကူညီမယ်လို့ ဗြိတိန်အစိုးရက ကြေညာခဲ့ပါတယ်။

ငွေကြေးအကူအညီကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း၊ ကုလသမဂ္ဂအဖွဲ့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေမှတစ်ဆင့် ပေးအပ်မယ်လို့ သိရပါတယ်။

ဗြိတိန်အစိုးရက ယူကရိန်းနိုင်ငံရှိ ရေဘေးသင့်ဒေသများသို့ အသက်ကယ်လှေတွေ၊ ရေစုပ်စက်တွေနဲ့ ရေ သန့်စင်စက်တွေ ပေးပို့မှာဖြစ်ပါတယ်။

ကိုးကား – NHK
Ref; Trudeau announces military and humanitarian aid to Ukraine