ဧရာဝတီတိုင်းမ်
ဇွန်လ ၁၁ ရက်
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ အိမ်မဲ – ပန်းတနော်ကားလမ်းဘေးနေထိုင်သူတွေကို စစ်ကောင်စီက ဖိအားပေးပြီး အမြန်ဆုံးပြောင်းရွှေ့ပေးဖို့ ဖိအားပေး စေခိုင်းလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန်လ ၁၀ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်းထမ်းတွေလာရောက်ပြီး နေအိမ်တဲအချို့ကို ဖျက်စီးတာတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
” ခုက မိုးတွင်းကာလ နေထိုင်ဖို့အခက်ရှိလို့ နေပါရစေပြောတာမရဘူး၊ အမြန်ဆုံးပြောင်းရင်ပြောင်း မပြောင်းရင် အင်အားသုံးဖျက်မယ်လို့ ပြောတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ကားလမ်းဘေးမှာနေထိုင်တာ မှန်ပေမယ့် ကားလမ်းနဲ့ ဝေးတာကြောင့် မိုးတွင်းကာလပြောင်းရွှေ့နေထိုင်ဖို့ အခက်အခဲရှိကြောင်းပြောချိန်မှာ အင်အားသုံးဖျက်တာတွေပြုလုပ်မယ်လို့ ခြိမ်းခြောက်ပြောဆိုတာ တွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် အိမ်မဲမြို့နယ် စည်ပင်သာယာနယ်နိမိတ်အတွင်းက ကျူးကျော်နေထိုင်သူတွေကိုလည်း အကုန်ဖျက်ခိုင်းမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ အိမ်မဲ – ပန်းတနော် ကားလမ်းဘေး နေထိုင်သူတွေဟာ စစ်ကောင်စီရဲ့ ဖိအားပေး ခြိမ်းခြောက်ရွှေ့ပြောင်းခိုင်းမှုကြောင့် မိုးတွင်းကာလ နေထိုင်ရေး အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#အိမ်မဲ #ကားလမ်းဘေးနေထိုင်သူ #စစ်ကောင်စီ #ဖိအားပေး #အင်အားသုံးဖျက်မယ် #Ayeyarwaddy_Times