ဧရာဝတီတိုင်းမ်
ဇွန်လ ၁၁ ရက်

တိုင်ကြားချက်အချို့ကြောင့် ထိုင်းရွေးကောက်ပွဲအနိုင်ရ ဝန်ကြီးချုပ်လောင်း ပီတလင်းဂျာရိုရတ်ဟာ ရွေး ကောက်ပွဲစည်းမျဉ်း ချိုးဖောက်ခဲ့ခြင်း ရှိ မရှိ ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးမယ်လို့ မီဒီယာသတင်း တွေအရ သိရပါတယ်။

ပီတအပေါ် စွပ်စွဲထားတဲ့ တိုင်ကြားချက်သုံးခုကြောင့် အဖွဲ့ဝင် ၆ ဉီးပါ ရွေးကောက်ပွဲကော်မရှင်က စုံစမ်း စစ်ဆေးမှုတစ်ရပ်ပြုလုပ်ဖို့ ဆုံးဖြတ်တာလို့ အမည်မဖော်လိုတဲ့ ပုဂ္ဂိုလ်တစ်ဉီးကို ကိုးကားပြီး ဗန်ကောက်ပို့စ်သ တင်းစာက ဖော်ပြပါတယ်။

ပီတအပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်မယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်ရုံး ကိုယ်စားလှယ်တစ်ဉီးကတော့ အတည်မပြုခဲ့ပါဘူး။

ပီတဟာ မီဒီယာကုမ္ပဏီတစ်ခုမှာ အစုရှယ်ယာတွေ ပိုင်ဆိုင်ထားတာကြောင့် တိုင်ကြားခဲ့တာဖြစ်ပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အမတ်တစ်ဉီး သို့မဟုတ် ဝန်ကြီးချုပ်လောင်းအဖြစ် အရည်အချင်းပြည့်မီ ခြင်း ရှိ မရှိ ဆုံးဖြတ်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ပီတဟာ သတ်မှတ်အရည်အချင်းမပြည့်မီပေမယ့် မေလ ၁၄ ရက် အထွေထွေရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ လျှောက်ထားခဲ့မယ်ဆိုရင် ထိုင်းရွေးကောက်ပွဲဥပဒေ အပိုဒ် ၁၅၁ ကို ချိုးဖောက်မှု ဟုတ် မဟုတ် ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးမှာဖြစ်ပါတယ်။

ထိုင်းဥပဒေတွေအရ ရွေးကောက်ပွဲဝင်သူတွေကို မီဒီယာကုမ္ပဏီတွေမှာ အစုရှယ်ယာတွေပိုင်ဆိုင်ခွင့် ပိတ် ပင်ထားတာဖြစ်ပါတယ်။ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်သူတွေဟာ ထောင်ဒဏ် ၁၀ နှစ်နဲ့ နိုင်ငံရေးနယ်ပယ်က နေ နှစ် ၂၀ အထိ ပိတ်ပင်ခံရမှာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှုက လနဲ့ချီ ကြာမြင့်နိုင်ပြီး ရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁၃ ရက် နောက်ဆုံးသတ် မှတ်ရက်မတိုင်မီ ရွေးကောက်ပွဲရလဒ်တွေ ထောက်ခံချိန်အထိ ပီတကို လွှတ်တော်အမတ်အဖြစ် အတည်ပြုနိုင်ပါ တယ်။

Move Forward ပါတီခေါင်းဆောင် ပီတကတော့ ပြီးခဲ့တဲ့အပတ်အတွင်း စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပြီး ၂၀၀၇ ခုနှစ်နောက်ပိုင်း မီဒီယာနယ်ပယ်မှာ ကုမ္ပဏီက မလုပ်ကိုင်တော့သလို အစုရှယ်ယာတွေ မပိုင်ဆိုင်ခဲ့ဘဲ ဖ ခင်ဖြစ်သူပိုင်ဆိုင်တဲ့ အစုရှယ်ယာတွေကို စီမံခန့်ခွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပီတရဲ့ ဝန်ကြီးချုပ်ဖြစ်ရေးလမ်းဟာ ကြမ်းတမ်းပြီး ရွေးကောက်ပွဲကော်မရှင်ဟာ တိုင်ကြားချက်တွေကို စုံ စမ်းစစ်ဆေးရမယ်လို့ ရွေးကောက်ပွဲကော်မရှင်နာမင်းကြီးဟောင်း ဆွန်ချိုင်းဆရီသီယာကွန်က ပြောပါတယ်။

ကိုးကား – The Straits Times
Ref; Thai election agency to probe prime minister front runner Pita: Report

#Ayeyarwaddy_Times