ဧရာဝတီတိုင်းမ်
ဇွန်လ ၁၁ ရက်
အတိုက်အခံခေါင်းဆောင် ဆမ်ရိန်ဆီနဲ့ ပတ်သက်မယ်ဆိုရင် တရားစွဲဆိုခံရမယ်လို့ ကမ္ဘောဒီးယားဝန် ကြီးချုပ် ဟွန်ဆမ်က အတိုက်အခံခေါင်းဆောင် ထောက်ခံသူတွေကို သတိပေးလိုက်ပါတယ်။
ဟွန်ဆမ်ရဲ့ အထင်ရှားဆုံးပြိုင်ဘက်ဖြစ်သူ ဆမ်ရိန်ဆီကို ကျောခိုင်းမယ်ဆိုပါက ပြည်ပမှာနေထိုင်တဲ့ ဆမ် ရိန်ဆီရဲ့ ထောက်ခံသူတွေကို ကမ္ဘောဒီးယားသို့ပြန်လာဖို့ ကြိုဆိုတယ်လို့ အာဏာရှင်တစ်ဉီးဖြစ်တဲ့ ဟွန်ဆမ်က ပြောပါတယ်။
“အတိုက်အခံပါတီကို စွန့်ခွာလာသူတွေရဲ့ လှုပ်ရှားမှုက ကျိုးပေါက်သွားတဲ့ ဆည်တစ်ခုလိုပါပဲ” လို့ ကမ် ပေါင်ချန်နန်ပြည်နယ်က စက်ရုံလုပ်သားတွေနဲ့ တွေ့ဆုံပွဲမှာ သူက ဆိုပါတယ်။
“ဆမ်ရိန်ဆီနဲ့ မပတ်သက်သူတွေကို ကျွန်တော် သက်ညှာခွင့်ပေးမှာဖြစ်ပေမယ့် ပတ်သက်သူတွေကိုတော့ တရားစွဲဆိုပြီး အရေးယူမှာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
တက်ကြွလှုပ်ရှားသူတွေကို ခြိမ်းခြောက်မှုတွေပြုလုပ်ခြင်းအားဖြင့် လာမယ့် ဇူလိုင်လ ၂၃ ရက် လွှတ် တော်ရွေးကောက်ပွဲမတိုင်မီ အတိုက်အခံ နိုင်ငံရေးပါတီတွေ အင်အားလျော့ပါးသွားအောင် ဟွန်ဆမ်နဲ့ အာဏာရ CCP က လုပ်ဆောင်နေပါတယ်။
မကြာသေးမီလတွေအတွင်း ပြည်နယ်အများအပြားမှာ အဓိက အတိုက်အခံပါတီ CLP မှ အဖွဲ့ဝင်တွေ ဖမ်းဆီးခံခဲ့ရကာ တရားစွဲဆိုတာတွေ ခံခဲ့ရပါတယ်။
တရားစွဲဆိုမှုတွေကို ရှောင်ရှားဖို့ တစ်ချိန်က ဖျက်သိမ်းခံခဲ့ရတဲ့ CNRP ပါတီခေါင်းဆောင် ဆမ်ရိန်ဆီဟာ ၂၀၁၅ ခုနှစ်မှာ ပြင်သစ်နိုင်ငံကို ထွက်ပြေးခဲ့ပါတယ်။
ဆမ်ရိန်ဆီရဲ့ မကြာသေးမီက မလေးရှားနိုင်ငံရှိ ကမ္ဘောဒီးယား နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ ဆုံဖို့ သွားရောက်မှုက ဟွန်ဆမ်ကို အမျက်ထွက်စေခဲ့ပြီး ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သမားတွေကို ဉီးဆောင်လာခဲ့ရင် လောင်ချာနဲ့တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ရွေးကောက်ပွဲ သပိတ်မှောက်ဖို့ လှုံ့ဆော်သူမှန်သမျှကို ဒဏ်ရိုက်ကာ ထောင်ချမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအ တွင်း ကမ္ဘောဒီးယား ရွေးကောက်ပွဲကော်မတီက တက်ကြွလှုပ်ရှားသူတွေကို ခြိမ်းခြောက်ခဲ့ပါသေးတယ်။
ကိုးကား – RFA
Ref; Hun Sen threatens to arrest backers of exiled opposition figure