နွေဦးမောင် /ဧရာဝတီတိုင်းမ်
မအူပင်၊ ဇွန်လ ၁၀ ရက်
မကြာသေးခင်က လှုပ်ခတ်ခဲ့သည့် ညောင်တုန်းငလျှင်ကြောင့် မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ပျက်စီးခဲ့သဖြင့် အဝေးသင်ဘွဲ့ရကျောင်းသူ ကျောင်းသားများအား ဘွဲ့ပေးမည့်အစီစဉ်အား ရက်အကန့်အသတ်မရှိ ရွှေဆိုင်းလိုက်ရကြောင်း သိရသည်
မအူပင် တက္ကသိုလ်တွင် ဇွန်လ (၆)ရက်နေ့မှ ဇွန်လ (၁၁)ရက်နေ့အထိ သုံးရက်တာ ကျင်းပပြုလုပ်မည့် အဝေးသင်တက္ကသိုလ် ဘွဲ့ပေးမည့်အစီစဥ်အား ဘွဲ့နှင်းသဘင်ခန်းမ ထိခိုက်ပျက်ဆီးမှုကြောင့် ရက်ရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ (၇)ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် မအူပင်မြို့နယ်အတွင်းရှိ ဘုရားစေတီများ ရုံးအဆောက်အဦးများနှင့် ဘွဲ့နှင်းသဘင်ခန်းမကြီးပါ ထိခိုက်ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။
” ခန်းမကြီးက ငလျင်ဒဏ် ကြောင့် ထိခိုက်သွားတော့ ဘွဲ့နှင်းသဘင်ပေးအပ်ပွဲအစီစဉ်ကို ရက်အကန့်သန့်မရှိ ရွှေဆိုင်းလိုက်တယ်။ ဘယ်နေ့မှာပြန်လည် ကျင်းပမယ်ဆိုတာ မသိရ သေးဘူး” ဟု အဝေးသင်ဖြင့် ဘွဲ့ယူရမည့် တက္ကသိုလ် ကျောင်းသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါငလျင်ကြောင့် အဆောက်အဦးပြိုကျပြီး ပိမိသဖြင့် သီလရှင်တပါးနှင့် အမျိုးသမီးကြီး တစ်ဦးတို့လည်း သေဆုံးခဲ့သည်။
#ငလျင်လှုပ်ခက်မှု #မအူပင်အဝေးသင် #ဘွဲ့ပေးမည့်အစီစဥ် #ရက်အကန့်အသတ်မရှိရွှေ့ဆိုင်း
#Ayeyarwaddy_Times