ဧရာဝတီတိုင်းမ်
(ကြာအင်းဆိပ်ကြီး)၊ ဇွန်လ ၁၀ ရက်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် ဇမိခန်းမနှင့် မြို့နယ် လဝကရုံးအား ဇွန်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့များတွင် KNLA နှင့် Cloud Wings Drone တပ်ဖွဲ့မှ ဒရုန်းဖြင့်သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သားများတပ်စွဲထားသည့် နေရာ ၂ ခုအား ဒရုန်းဖြင့် ၈၁ မမဗုံးသီး များအသုံးပြုတိုက်ခိုက်ခဲ့ရာ ရုံးအဆောက်အအုံများပြိုကျပျက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
“အခုကျဆုံးတဲ့အရေအတွက်က ကျွန်ဝောာ်တို့အနည်းဆုံးထိခိုက်တဲ့အရေအတွက်ကို ယူထားတာ။ အဆောက်အဦကတော့ တော်တော်ကြေမွသွားတယ် “ ဟု ဝောာ်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီမှ ၁၂၀ မမ၊ ၈၁မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ လုံခြုံစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ဗျူဟာကုန်းနဲ့ ခလရ ၂၈၃၊ ခလရ ၃၂ တပ်တွေကနေ ၈၀မမတွေ၊ ၁၂၀ မမတွေနဲ့က နေ့ရောညပါပစ်နေတာ။ ဒီလို နေ့တဓူဝပစ်နေတာက တော်လှန်ရေးအင်အားစုကိုရည်ရွယ်တာထက် မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်တွေ၊ ဘာသာရေးအဆောက်အအုံတွေကို ပစ်ခတ်နေတာရှိတယ် “ ဟု အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်လက်ပြောသည်။
ကြာအင်းဆိပ်ကြီးတွင် ဇွန်လ ၂ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးနယ်မြေရဲစခန်းအပါအဝင် စစ်ကောင်စီတပ်များတပ်စွဲထားသည့် နေရာ ၆ ခု အား အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)နှင့် ပူးပေါင်းတပ်ဖွဲ့များမှ တစ်ပြိုင်နက်ဝင်ရောက်တိုက်ခဲ့ရာ တပ်သား ၁၀ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရခဲ့ကြောင်း အဆိုပါအဖွဲ့ထံကသိရသည်။
ဓာတ်ပုံ – ပေးပို့။
#ကြာအင်းဆိပ်ကြီး #လဝကရုံး #ဒရုန်း #တိုက်ခိုက်ခံရ #CloudWings #Ayeyarwaddy_Times