ဧရာဝတီတိုင်းမ်
ဇွန်လ ၁၀ ရက်

ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုကြောင့် အမေရိကန်နဲ့ ဉရောပသမဂ္ဂတို့ရဲ့ ဒဏ်ခတ်အရေးယူ မှုတွေရှိလင့်ကစား အစ္စရေး စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံသို့ စစ်လက်နက်တွေ တင်ပို့ခဲ့ တယ်လို့ မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ရပ်အရ သိရပါတယ်။

စစ်လက်နက်တွေ တင်ပို့မှုကို ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့တာလို့ Justice For Myanmar ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ အစီရင်ခံစာမှာ အစ္စရေးရှေ့နေ အီတေးမတ်က ရှေ့နေ့ချုပ် ဘာဟာရတ်ဗ်မီယာရာထံ ပေးပို့ခဲ့တဲ့ စာတစ်စောင်လည်း ပါဝင်ပါတယ်။

အစ္စရေးစစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ CAA Industries က ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း မြန်မာစစ် တပ်ထံ စစ်လက်နက်ကိရိယာတွေ တင်ပို့ခဲ့တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။

CAA Industries က ရောင်းချခဲ့တဲ့ ကိရိယာအစိတ်အပိုင်းတွေနဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ထုတ်လုပ် ရေးစက်ရုံတွေက ထုတ်လုပ်ထားတဲ့ ချေမှုန်းရေးရိုင်ဖယ်၊ စနိုက်ဘာရိုင်ဖယ်၊ အပေါ့စားစက်သေနတ်တွေရဲ့ပုံတွေ ကို Justice For Myanmar က အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ကုမ္ပဏီရဲ့ထုတ်ကုန်အများစုက အရပ်ဘက်သုံးရန်သာဖြစ်ပြီး သဘောတူညီချက်တွေကို ဉပဒေ၊ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြုလုပ်တယ်လို့ CAA Industries က မီဒီ ယာတွေကို ပြောပါတယ်။

၂၀၁၇ ခုနှစ်ကလည်း မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ရခိုင်ပြည်နယ်ရှိ သိန်းနဲ့ချီတဲ့ ရိုဟင် ဂျာတွေ ထွက်ပြေးရချိန် အစ္စရေးနိုင်ငံက မြန်မာစစ်တပ်ထံ စစ်လက်နက်တွေ ရောင်းချခဲ့ပါတယ်။

အစ္စရေးက မြန်မာနိုင်ငံသို့ ရောင်းချခဲ့တဲ့ စစ်လက်နက်တွေထဲမှာ တင့်ကား ၁၀၀ နဲ့ နယ်စပ်တွေကို ကာ ကွယ်ဖို့ အသုံးပြုတဲ့ စစ်လက်နက်နဲ့စစ်ရေယာဉ်တွေ ပါဝင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုးကား – Middle East Eye
Ref; Israeli arms manufacturer sent equipment to Myanmar despite US embargo, says report

#Ayeyarwaddy_Times